ဘဝတက်လမ်းအတွက် အသက်ပေးခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသူ

ပီးခဲ့တဲ့ တနင်္လာနေ့ ည ၇ နာရီခန့်အချိန်က တရုတ်နိုင်ငံဆေးရုံတစ်ခုမှာ အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ယောက် အရေးပေါ်လူနာအဖြစ်ရောက်ရှိလာခဲ့ပြီး ဆရာဝန်တွေမှ အရေးပေါ်ကုသမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူနာဟာ အသက်ဆက်မရှင်တော့ပါဘူး။ သူမရဲ့ သူငယ်အိမ်တွေဟာ လှုပ်ရှားမှုမရှိတော့ဘဲ နှလုံးခုန်နှုန်းတိုင်းတဲ့စက်မှာတော့ မျဉ်းဖြောင့်တစ်ကြောင်းပြနေခဲ့ပါပြီ။ ဒါတွေအားလုံးဟာ သေဆုံး ခြင်းလက္ခဏာတွေဖြစ်ပြီး ဆရာဝန်တွေဆီ ရောက်သွားချိန်ဟာလည်း တော်တော်နှောင်းနေခဲ့ပါပြီ။ သူမရဲ့မိခင်ဟာလည်း သူမရဲ့ဘေးနားမှာ ဝမ်းနည်းပက်လက်ငိုနေခဲ့ပါတယ်။

ဒါတွေကိုတော့ သူမ မကြားနိုင်ခဲ့တော့ပါ ဘူး။ ကြားနိုင်ခဲ့ရင်လည်း သူမလုပ်ခဲ့တဲ့အရာတွေအတွက် နောင်တရမှာ ကျိန်းသေပါတယ်။ ဒီကောင်မလေးဟာ ဆင်းရဲတဲ့မိသားစုမှလာတဲ့အတွက် စိတ်ဓာတ်ခိုင်မာပြီး စာကြိုးစားတဲ့အတွက် သူမရဲ့ရည်မှန်းချက်ဖြစ်တဲ့ တက္ကသိုလ်ကို တက်နိုင်ခဲ့ပြီး ပညာသင်ဆုတွေလည်းရထားပါတယ်။ သူမဟာ ညတိုင်းသန်ခေါင်ကျော်တဲ့အထိစာကျက်တတ်ပြီး မကြာခင်မှာပဲ ဝမ်းဗိုက်အောင့်တဲ့ဝေဒနာခံစားလာရပါတယ်။ အစပိုင်းမှာတော့ ကောင်မ လေးဟာ ကျိတ်မှိတ်ခံနေခဲ့ပြီး နောက်ပိုင်းမှာ သူမရဲ့ဝမ်းဗိုက်ဟာ ကိုယ်ဝန်သည်တစ်ယောက်လို ဖောင်းကားလာခဲ့ပါတယ်။ မခံနိုင်တော့တဲ့အတွက် ဆေးရုံသွားပြခဲ့ပြီး ဆန်းစစ်ကြည့်တဲ့အခါမှာတော့ သူမရဲ့ဝမ်းဗိုက်ထဲမှာ ပုံမှန်မဟုတ်တဲ့အရည်တွေနဲ့ ပြည့်နေခဲ့ပြီး အသည်းကင်ဆာရောဂါနောက်ဆုံးအဆင့်ကို ရောက်နေခဲ့တယ်ဆိုတာကို သိခွင့်ရခဲ့ပါတယ်။ နောက်သုံးလကြာတဲ့အခါမှာတော့ သူမဟာ ကင်ဆာရောဂါနဲ့ပဲ ဆုံးသွားခဲ့ပါတယ်။

ဒါတွေဖြစ်ရတဲ့ အဓိကအကြောင်းရင်းက အိပ်ချိန်မမှန်တာနဲ့ စိတ်ဖိဆီမှုတွေများတဲ့အတွက်ကြောင့်ပါ။ သူမ အိပ်ချိန်မမှန်တဲ့အတွက် သူမရဲ့အသည်းဟာ ခန္ဓာကိုယ်တွင်းမှထွက်တဲ့အဆိပ်တွေကို မချေဖျက်ပေးနိုင်တော့ဘဲ ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်စေတဲ့ ဆဲလ်တွေကို မထုတ်ပေးနိုင်တော့ပါဘူး။ ဒါတွေ တဖြည်ဖြည်းဆိုးဝါးလာတဲ့အခါ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ တခြားအင်္ဂါတွေပါ ထိခိုက်လာခဲ့ပါတယ်။ ထိုနည်းတူစွာပဲ စိတ်ဖိဆီးမှုတွေ များတဲ့အတွက် အသည်းက သွေးလည်ပတ်မှုနှုန်းတွေမမှန်တော့ဘဲ အခြားကျန်းမာရေးပြဿနာတွေကိုဖြစ်ပွားစေပါတယ်။

ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ဖို့ဆိုရင် လေ့ကျင့်ခန်းများများ လုပ်ပေးသင့်ပါတယ်။ ကာကွယ်ခြင်း ဟာ ကုသခြင်းထက်ပိုကောင်းပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*