အချိန်အတော်ကြာ အပြင်မထွက်ရဘဲနေအိမ်တွင်းသာ နေထိုင်ခဲ့ရလို့ လင်မယားကွာရှင်းမှုရုတ်တရက်မြင့်တက်လာတဲ့ တရုတ်နိုင်ငံ

လင်မယားတွေဟာ တစ်ရက်ကို 24 နာရီ ၊ တစ်ပတ်ကို 7 ရက် ၊ မပျက်မကွက်ဘဲ အချိန်အတော်ကြာ အမြဲတွေ့နေရလို့ ကတောက်ကဆတွေများလာပြီး ကွာရှင်ဖို့အထိ ဆုံးဖြတ်ခဲ့ကြတာတွေ များလာပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Xi’an မြို့မှာရှိတဲ့ လင်မယားတွေရဲ့ကွာရှင်းမှုဟာ ရုတ်တရက်မြင့်တက်သွားခဲ့ကြောင်း သိရှိရပါတယ် ။

ကွာရှင်းမှုမြင့်စေခဲ့ရတဲ့ အဓိကအချက် 2ချက်မှာတော့ အစိုးရရုံးတွေပိတ်ထားခဲ့တာ တစ်လကျော်ခန့်ကြာသွားခဲ့ရပြီးနောက် ရုံးပြန်ဖွင့်တဲ့အချိန်မှာ လုပ်ငန်းတွေနှောင့်နှေးသွားခဲ့လို့ဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ် ။

နောက်တစ်ချက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်အပြင်မထွက်ရပဲ သီးသန့်နေအိမ်ထဲမှာသာ နေထိုင်ခဲ့ရတာ အချိန်အတော်ကြာလာခဲ့တဲ့အတွက် လင်မယားအကြား ကတောက်ကဆဖြစ်မှုကို တွန်းအားပေးနေသလို ဖြစ်စေခဲ့ပြီးနောက် ရလဒ်အနေနဲ့ ယခုလို လင်မယားအချင်းချင်းကွာရှင်း ချင်ခဲ့ကြတာဖြစ်ပါတယ် ။

တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ နေအိမ်အတွင်းသာအောင်းပြီးနေထိုင်ခဲ့ရတဲ့အတွက် လင်မယားတွေဟာစိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေချခဲ့ကြတာဖြစ်ပြီး ၊ နာရီအနည်းငယ်အကြာမှာတော့ ၎င်းတို့၏လုပ်ရပ်အတွက် ပြန်ပြီးနောင်တရခဲ့ကြတဲ့ စုံတွဲများလည်း ရှိနေခဲ့ပါတယ် ။ သို့ပေမဲ့လည်း အချို့စုံတွဲများမှာတော့ ကွာရှင်းပြီးဆုံးကြောင်း တရာဝင်စာထွက်လာပြီးတာနဲ့ ထပ်မံလက်ထက်ဖို့ ဆုံးဖြတ်ထားကြသူများလည်းရှိကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*