ပညာရှင် တစ်ယောက်က ၉ ပေခန့်ရှိတဲ့ ဂြိုလ်သားတစ်ယောက်ကို အာကာသလွန်းပျံ ယာဉ်တစ်ခုပေါ်မှာ တွေ့ခဲ့တယ်လို့ အခိုင်အမာဆို

အမည်မသိ ပျံသန်းကိရိယာ (UFO) တွေနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ သီအိုရီ ပညာရှင်တစ်ယောက်က ၉ ပေခန့်ရှိတဲ့ ဂြိုလ်သားတစ်ယောက်ကို အာကာသလွန်းပျံယာဉ်တစ်ခုပေါ်မှာ တွေ့ခဲ့တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

NASA မှာ အာကာသယာဉ် အင်ဂျင်နီယာ အဖြစ် ၁၉၅၈ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ ၃၅ နှစ်တိုင် လုပ်ကိုင်ခဲ့တဲ့ Clark McClelland က ၉ ပေခန့်ရှိတဲ့ ဂြိုလ်သားတစ်ယောက်ကို အာကာသလွန်းပျံယာဉ် တစ်ခုပေါ်မှာ တွေ့ခဲ့တဲ့ အမှန်တရား အကြောင်းကို ဝက်ဘ်ဆိုက်တွေ ၊ ရေဒီယိုတွေနဲ့ YouTube ကတစ်ဆင့် ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

ထိုကဲ့သို့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို www.stargate-chronicles.com ဆိုတဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်မှာ ရေးသားထားသလို သူဟာ အာကာသစင်တာရဲ့ ထိန်းချုပ်ခန်းမှာ ထုတ်ပြောလို့မရတဲ့ လျှို့ဝှက် စစ်ဆင်ရေး တစ်ခုအတွက် စောင့်ကြည့်နေစဉ် မျက်နှာပြင်မှာ လွန်းပျံယာဉ် ရပ်နားရာနေရာမှာ ခြေထောက် ၂ ချောင်းနဲ့ ဂြိုလ်သားတစ်ယောကို ၂၇ လက်မရှိတဲ့ သူ့ရဲ့ စောင့်ကြည့်ရေး ဗီဒီယိုမှာ ၁ မိနစ်နဲ့ ၇ စက္ကန့်ခန့် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

တစ်ကယ်တော့ Clark McClelland အပါအဝင် UFO တွေအကြောင်း လေ့လာနေသူတွေဟာ အမေရိကန် အစိုးရ နဲ့ ဂြိုလ်သားတွေနဲ့ ညှိုနှိုင်း ဆွေးနွေးခဲ့ဖူးတယ်ဆိုတဲ့ လွန်ခဲ့သော နှစ်များစွာက ထွက်ပေါ်ခဲ့တဲ့ သီအိုရီတွေကို သက်သေပြဖို့ ကြိုးစား နေသူတွေပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*