
ဒီဘောလုံးကွင်းဟာဆိုရင် ကမ္ဘာ့ နာမည်အကြီးဆုံးနဲ့ အလှဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ နော်ဝေနိုင်ငံ၊ မြောက်ဘက် လိုဖိုတန်( Lofoten Island)ကျွန်းစုတွေထဲက တစ်ခုဖြစ်တဲ့Henningsvær လို့ခေါ်တဲ့ တံငါရွာလေးပေါ်က ဘောလုံးကွင်းလေးဖြစ်ပါတယ်။ ရွာတစ်ခုလုံး 0.3-square-kilometre အကျယ်အဝန်းသာရှိပြီး ဒီရွာလေးမှာ နေထိုင်တဲ့ လူဦရေးဟာ ဆိုရင် စုစုပေါင်း(၅၀၀)အောက် ဝန်းကျင်သာရှိပါတယ်။
ရိုးရာဓလေ့တခုလို အစဉ်အဆက် ငါးဖမ်းတဲ့ အလေ့အထရှိတဲ့ ရွာလေးမို့ Henningsvær ရွာလေးဟာ နိုင်ငံခြားခရီးသည်တွေကို ဆွဲဆောင်လှတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ ကမ်းခြေအလှအပ နဲ့ ကမ်းခြေရဲ့ အရသာကို ဒိုင်ဗင်းထိုးခြင်း ရေကူးခြင်း ငါးမြှားခြင်းတို့အပြင် တောင်တက်ခြင်းတို့ကိုပါ ပြုလုပ်နိုင်ပါတယ်။
Leave a Reply