အလုပ်မနောက်ကျချင်လို့ဆိုပြီး ရထားနဲ့ ရထားစင်္ကြံကြားကိုခြေထောက်ထိုးထည့်ကာရထားကိုတားခဲ့တဲ့အမျိုးသမီး

တရုတ်နိုင်ငံ Guangzhouမြို့မှာ အမျိုးသမီးတစ်ဦးဟာ ရထားပေါ်ကိုတက်ချင်လွန်းလို့ ထွက်တော့မယ့်ရထားကိုခြေထောက်နဲ့တားခဲ့တဲ့အတွက် အချုပ်ခန်းထဲမှာထိန်းသိမ်ခံခဲ့ရပါတယ်။အဆိုပါအမျိုးသမီး နဲ့ သူမရဲ့သူငယ်ချင်းနှစ်ယောက်တို့မှာ Guangzhouမီးရထားဘူတာသို့နောက်ကျမှရောက်ခဲ့ကြပြီး ရထားပေါ်သို့တက်နိုင်အောင်ကြိုးစားခဲ့ပါတယ်။

ရထားဘူတာမှတာဝန်ရှိသူများကလည်း သူမတို့မှာနောက်ကျနေပြီဖြစ်လို့ ရထားပေါ်တက်၍မရတော့ကြောင်းရှင်းပြခဲ့ပါတယ် ။သို့ပေမဲ့ အဆိုပါအမျိုးသမီးနှင့် သူမ၏သူငယ်ချင်းတို့မှာ မသိချင်ယောင်ဆောင်ပြီးဂိတ်တံခါးကိုကျော်ဖြတ်ကာ ရထားစင်င်္ကြံဆီကို ပြေးသွားခဲ့ကြပါတယ်။

မီးရထား၏တံခါးများကလည်းပိတ်သွားခဲ့ပြီး အဆိုပါအမျိုးသမီးကိုဝန်ထမ်းများက ဆွဲထုတ်ခဲ့ပေမယ့်လည်း သူမရဲ့ခြေထောက်ကို မီးရထား နဲ့ ရထားစင်င်္ကြံကြားထဲသို့ထိုးထည့်ကာ မီးရထားမထွက်ခွာနိုင်အောင်တားခဲ့ပါတယ်။မကြာခင်မှာပဲ နောက်ထပ်ဝန်ထမ်းများကရောက်ရှိလာပြီးသူမကို ဆွဲခေါ်သွားခဲ့ပေမယ့်လည်း သူမ၏သူငယ်ချင်းများက ရထားမထွက်သေးတဲ့အတွက် ရထားပေါ်သို့တက်ခွင့်ပေးရန် ဆက်လက်ငြင်းဆိုခဲ့ကြပါတယ်။

သို့ပေမဲ့လည်း နောက်7မိနစ်အကြာမှာတော့ မီးရထားဟာမောင်းနှင်ထွက်ခွာသွားခဲ့ပါတယ်။ အဆိုပါအမျိုးသမီးမှာ ရဲဝန်ထမ်းတွေကို ဖြောင့်ချက်ပေးခဲ့တာကတော့ အလုပ်မနောက်ကျချင်တဲ့အတွက် ထင်ရာစိုင်းခဲ့မိတာဖြစ်ကြောင်း ဝန်ခံပြောဆိုထားပါတယ်။ကံမကောင်းစွာနဲ့ပဲ သူမရဲ့ဖြောင့်ချက်ကိုရဲအရာရှိများကလက်မခံခဲ့ပဲ အချုပ်ခန်းထဲတွင် 9ရက်ထိန်းသိမ်းခံခဲ့ရပါတယ် ။ သူမ၏သူငယ်ချင်းများမှာတော့ သတိပေးချက်နဲ့လွတ်ပေးခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*