
(1) ဘရူနိုင်း
ဒီတစ်ခါဖော်ပြပေးမယ့် မင်းသားလေးကတော့ ဘရူနိုင်းနိုင်ငံဘုရင်ရဲ့ လေးယောက်မြောက်သားတော် တစ်ဦး ဖြစ်တဲ့ မင်းသားလေးMateenပဲ ဖြစ်ပါတယ်။ မင်းသားလေးဟာ ဘရူနိုင်းနိုင်ငံရဲ့ တော်ဝင်စစ်တပ်မှာ လေ့ကျင့်သင်ကြားနေပီး သူ့ရဲ့ ဝါသနာတွေကတော့ ပိုလိုကစားရတာနဲ့ လက်ဝှေ့ထိုးရတာတွေကို နှစ်သက်ပါတယ်။
(2) ဂျော်ဒန်
ဂျော်ဒန် ဘုရင် Abdullah နဲ့ မိဖုရား Rania တို့ရဲ့ သားတော် တစ်ပါး ဖြစ်တဲ့ မင်းသားလေး Al Hussein bin Abdullah ပဲ ဖြစ်ပါတယ်။ မင်းသားလေးရဲ့ မျက်လုံးလေးဟာ အလွန်ဆွဲဆောင်မှုရှိတယ်လို့ အမျိုးသမီးတွေ အကြား ရေပန်းစားနေခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၂၃နှစ်၇ှိပြီ ဖြစ်တဲ့ မင်းသားလေးဟာ ဘောလုံုးအသင်းတစ်သင်းမှာလည်း ကစားနေပြီး Instagram မှာလည်း နာမည်ကြီးနေတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
(3) ဘယ်လ်ဂျီယမ်
ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ မင်းသားလေး Joachim တော့ ဘယ်လ်ဂျီယမ် မင်းသားလေးတွေရဲ့ အချစ်တော် မင်းသားလေး တစ်ပါးလေးလည်း ဖြစ်ပါတယ်။ သူ့မှာ အမတော် တစ်ပါးလည်း ရှိပါသေးတယ်။ မင်းသားလေးဟာ အခြား ဲ စွန့်စွန့်စားစားလုပ်ရတဲ့ အလုပ်တွေကို လည်း ဝါသနာပါတယ်လို့ သိရပါတယ်။
Leave a Reply