
လီဗာပူးမြို့မှာနေထိုင်တဲ့ ဒိုရန်ဆိုတဲ့အမျိုးသမီးဟာ ၂၀၁၃ ခုနှစ်တုန်းက အဝတ်အစားဆိုဒ်နံပတ် ၂၂ ကိုမှတ်ဝတ်ဆင်ရတဲ့ အဝလွန်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ အဝတ်အစားဆိုဒ်နံပတ် ၁၀ ကိုဝတ်နိုင်တဲ့ ခန္ဓာကိုယ်မျိုးရလာအောင် ဝိတ်ချမယ်ဆိုတဲ့ စိတ်နဲ့ သူမဝိတ်ချလာခဲ့တာ တစ်နှစ်အတွင်းမှာပဲ လိုချင်တဲ့ခန္ဓာကိုယ်အချိုးအစားမျိုး ရသွားခဲ့ပါတယ်။ လှပသွယ်လျသွားတဲ့ အချိန်မှာပဲ သူမအတွက် သတင်းဆိုးက ထွက်လာခဲ့ပါတော့တယ်။
တစ်နှစ်အတွင်းမှာ လျှင်လျှင်မြန်မြန်ဝိတ်ကျသွားခဲ့တာဟာ သူမပြုလုပ်တဲ့လေ့ကျင့်ခန်းတွေ၊ အစားရှောင်တာတွေကြောင့်မဟုတ်ပဲ ကင်ဆာရောဂါကြောင့်သာ ဖြစ်နေတာကို သူမသိလိုက်ရပါတယ်။ လျှင်လျှင်မြန်မြန်ဝိတ်ကျနေခဲ့တဲ့အချိန်တုန်းက သူမအတွက် သေးသွယ်တဲ့ အဝတ်အစားအသစ်တွေဝယ်၊ ချစ်သူလည်းရမယ်လို့ ယုံကြည်နေခဲ့သူ ဖြစ်ပါတယ်။ အဝတ်အစားဆိုဒ်နံပတ် ၈ ကိုဝတ်ဆင်လို့ရတဲ့ သေးသွယ်တဲ့ခန္ဓာကိုယ် အချိုးအစားကို ရရှိချိန်မှာတော့ သူမဟာ အချိန်လွန်နေပြီဖြစ်တဲ့ ကင်ဆာရောဂါရှိနေပြီဆိုတာ သိလိုက်ရပါတော့တယ်။လည်ချောင်းကင်ဆာရောဂါကြောင့် သူမဟာ အရင်ကိုလို ဝဖြိုးတဲ့ခန္ဓာကိုယ်ကို ဘယ်တော့မှ ပိုင်ဆိုင်နိုင်တော့မှာလည်း မဟုတ်ပါဘူး။
၂၀၁၄ နိုဝင်ဘာလမှာ သူမရဲ့ကင်ဆာရောဂါကို စတင်သတိပြုမိခဲ့တာဖြစ်ပြီး လည်ချောင်းမှာလည်း အကျိတ်တစ်ခု ထွက်လာခဲ့ပါတယ်။ ဆရာဝန်တွေကတော့ သူမအတွက် အသက်ရှင်ချိန်ဟာ တစ်နှစ်ထက်မပိုတော့ဘူးလို့ ပြောထားကြပါတယ်။ သူမရဲ့ ကင်ဆာရောဂါဟာ အဆင့်-၄ ကိုတောင်ရောက်နေခဲ့ပြီ ဖြစ်ပါတယ်။ သူမကတော့ သေဖို့ အဆင်သင့်မဖြစ်သေးတဲ့အတွက် အသင်ရှင်ဖို့ ဘာမဆိုလုပ်သွားဦးမှာဖြစ်ပြီး ဘာကြောင့်သူမကင်ဆာရောဂါဖြစ်ခဲ့တယ် ဆိုတာကိုလည်း သိချင်သေးတယ်လို့ ပြောပါတယ်။
Leave a Reply