
ဆားဘီးယားမော်ဒယ်တစ်ဦးဖြစ်တဲ့ Jelica Ljubicic အမည်ရ အမျိုးသမီးဟာ သေဆုံးသွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို နောက်ခံထားပြီး ဆယ်လ်ဖီဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့အတွက် အခုဆို လူပြောသူပြော အတော်လေး ခံနေရပြီဖြစ်ပါတယ်။ ဒေသခံသတင်းစာတွေမှာတောင် သူမရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ကြပါတယ်။
သေဆုံးသူ ဖခင်ဖြစ်သူဟာ ဒီဆယ်လ်ဖီဓာတ်ပုံမရိုက်ကူးသေးခင် အချိန်အနည်းငယ်အတွင်းက သေဆုံးခဲ့တာလို့ သိရပြီး သူ့ရဲ့လည်ပင်းဟာ ဘယ်ဘက်ကို ကျိုးကျနေတာကို ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။ တစ်ချို့ကတော့ Jelica ရဲ့ လုပ်ရပ်ကို ” ရူးနေပြီလား”လို့ ဝေဖန်ခဲ့သလို၊ တစ်ချို့ကတော့ ” အဖေ့အလောင်းနဲ့ မျက်ရည်ခြူမယ့် သမီးမိုက်လို့ “ဝေဖန်ခဲ့ပါတယ်။
သူမဟာ ကိုယ်တိုင်ရိုက်ကူးထားတဲ့ Selfie ဓာတ်ပုံကို ” ငြိမ်းချမ်းစွာအနားယူပါ အဖေ … ကျွန်မတို့ တတ်နိုင်သလောက် တိုက်ခိုက်ခဲ့ကြပြီးပြီပဲ … ဒါပေမယ့် ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပေါ့ “လို့ ရေးသားပြီး လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။
သူမက ဆက်လက်ပြီး ” ကျွန်မတို့မှာ ဘယ်လောက်အထိ နေရမယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလေ … သူက (၆၇)နှစ်အရွယ်မှာ ကျွန်မတို့ကို ထားရစ်ခဲ့ပါတယ် … အစစအတွက် ကျေးဇူးပါအဖေ … အဖေ့သမီးဖြစ်ရတာ … ကျွန်မအဖေအဖြစ် ဖြစ်ခွင့်ပေးတာကို ကျေနပ်ဂုဏ်ယူ ဝမ်းသာခဲ့ပါတယ် “လို့ ရေးသားခဲ့ပါတယ်။
Jelica ဟာ သူမရဲ့ လူမှုကွန်ယက်ပရိုဖိုင်မှာ အဆိုတော်/မော်ဒယ်အဖြစ် ဖော်ပြထားပြီး သူမရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် လူမှုကွန်ယက်မှာ တော်တော်လေးကို ပြောစရာဆိုစရာ ဖြစ်ခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ လူမှုကွန်ယက်မှာ အလွန်ဝေဖန်ခံခဲ့ရတာကြောင့် Jelica လည်း ပြန်ပြီးဖျက်ခဲ့ရတယ်လို့ သိရပါတယ်။
Leave a Reply