ပွဲလာဧည့်သည်တွေကို ကားပေါ်ကနေမဆင်းခိုင်းဘဲ ပါဆယ်ထုပ်တွေသာပေးပြီး မင်္ဂလာပွဲကျင်းပခဲ့တဲ့စုံတွဲ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တစ်ရက်ပြီးတစ်ရက်မြင့်မားလာတာနဲ့အမျှ ကျန်းမာရေးဝန်ကြီးဌာနကလည်း လူပေါင်း 50 အထက် စုဝေးပြီးနေထိုင်တာမျိုး မပြုလုပ်ကြဖို့ တားမြစ်ထားတဲ့အပြင် ၊ မလေးရှားနိုင်ငံမှာဆိုရင် မတ်လ 18 ရက်နေ့မှ – မတ်လ 31 ရက်နေ့အထိ မင်္ဂလာပွဲတွေ ၊ အသုဘပွဲတွေ မသွားကြဖို့လည်း သတိပေးကြေညာထားခဲ့ပါသေးတယ် ။

သို့ပေမဲ့လည်း ယခုဖော်ပြမဲ့စုံတွဲကတော့ ကူးစက်ပျံ့နှံ့မှုတွေမြင့်မားနေတဲ့ကြားထဲက မင်္ဂလာပွဲကိုရအောင် ကျင်းပခဲ့ပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံက စုံတွဲလေးရဲ့ မင်္ဂလာပွဲဟာတော့ ပွဲလာဧည့်သည်တွေကို ကားပေါ်ကနေ မဆင်းခိုင်းတော့ပဲ ပွဲသို့ကားကိုသာ ဖြတ်မောင်းသွားစေခဲ့ပါတယ် ။

ဗိုင်းရပ်စ်ကူးစက်မှုမရှိအောင် ပွဲလာဧည့်သည်တွေကို လက်ဆွဲနှုတ်ဆက်မည့်အစား ရင်ဘတ်ပေါ်ကိုသာ လက်တင်ပြီး အမှုအရာပြ၍သာ နှုတ်ဆက်ဖို့ဖြစ်ပါတယ် ။ ဒုတိယတစ်ချက်မှာတော့ လက်ဖွဲ့ငွေတွေကို သေတ္တာဗူးထဲသို့သာ ထည့်ပြီးလက်ဖွဲ့ဖို့အတွက် ကတ်ထူသေတ္တာလေး ထားပေးထားပါသေးတယ် ။

တတိယတစ်ချက်ကတော့ ပွဲလာဧည့်သည်တွေအတွက် စားစရာတွေကို အိတ်လေးနဲ့သာထည့်ပြီး ပါဆယ်ယူသွားစေခဲ့တာပါ ။ စတုတ္ထအချက်ကတော့ ကားပေါ်မှ စားစရာလက်ခံရရှိခဲ့တဲ့ ဧည့်သည့်များက ဝမ်းသာဂုဏ်ယူကြောင်း လက်အမှုအရာနှင့်သာပြပြီး နှုတ်ဆက်ဖို့ဖြစ်ပါတယ် ။

အဆိုပါ အချက်တွေနဲ့ မင်္ဂလာပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပြီး ၊ ပွဲလာဧည့်သည်တွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မရှိစေခဲ့ပဲ ပျော်ရွှင်စွာ မင်္ဂလာပွဲကိုကျင်းပနိုင်ခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*