ပေါင် ၁၈၀၀ (မြန်မာငွေသိန်း ၃၀ ကျော်) အခွန်ဆောင် ခိုင်းသည်ကို မကျေနပ်၍ တစ်တန်ခန့်လေးသော အကြွေစေ့ များ ကားတစ်စင်း တိုက်သယ်ကာ အခွန်ဆောင် သူ

ပေါင် ၁၈၀၀ (မြန်မာငွေသိန်း ၃၀ ကျော်) အခွန်ဆောင်ခိုင်းသည်ကို မကျေနပ်၍ တစ်တန်ခန့်လေးသော အကြွေစေ့များ ကားတစ်စင်းတိုက်သယ်ကာ အခွန်ဆောင်သူ
———
အင်္ဂလန်နိုင်ငံ၊ နော်တင်ဟန်ရှိုင်းယားခရိုင်၊ နော်တင်ဟမ်မြို ့အနောက်ဘက် ဘရော့ဇ်တိုဝီအရပ်တွင် ရပ်ဆယ်စကဲလက်ဆိုသူသည် Eastwood အရပ်တွင် အိမ်နှစ်လုံးဝယ်ယူသောကြောင့် ဒေသကောင်စီက ၁၈၅၁ ဒသမ ၉၄ ပေါင် ပေးဆောင်စေရန် အမိန့်ချမှတ်သည့်အခါ အကြွေစေ့များ ကားတစ်စင်းတိုက်သယ်ကာအခွန်ဆောင်ခဲ့ကြောင်းအင်္ဂလန်အခြေစိုက်သတင်းမီဒီယာများတွင် ဖော်ပြသည်။

အဆိုပါအိမ်များကို ပျက်စီးယိုယွင်းနေသည့် အခြေအနေတွင် ၀ယ်ယူခဲ့ခြင်းဖြစ်သောကြောင့် ဥပဒေအရအခွန်ပေးဆောင်ရန်မလိုဟု ရပ်ဆယ်က ယူဆသည်။

သို့သော် ဘရော့ဇ်တိုဝီကောင်စီက သဘောမတူချေ။ ၎င်း၏ နေအိမ်များကို ကြည့်ရှုစစ်ဆေးပြီးနောက် လူနေရန်သင့်တော်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ရပ်ဆယ်လ်သည် တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရပြီး အခွန်ပေးဆောင်ရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။

နောက်ဆုံးတွင်မူ ရပ်ဆယ်က အခွန်ပေးဆောင်ရန်ဆုံးဖြတ်ခဲ့ပြီး ဘဏ်သို့သွားကာ ၎င်း၏ ငွေစာရင်းအတွင်းမှ စတာလင်ပေါင် ၁၈၅၁ ကို ထုတ်ယူခဲ့သည်။၎င်းထုတ်ယူခဲ့သည်မှာ အကြွေစေ့များဖြစ်သည်။

ယင်းအကြွေစေ့များ၏ စုစုပေါင်းအလေးချိန်မှာ တစ်တန်၏ လေးပုံသုံးပုံခန့် အလေးချိန်ရှိသည်။

ရပ်ဆယ်သည်တစ်တန်ခန့်လေးသောအဆိုပါအကြွေစေ့များကို၎င်း၏ကားဖြင့်သယ်ရန်လေးလွန်းသဖြင့်
လော်ရီကားတစ်စင်းဖြင့် တင်ဆောင်သယ်ယူခဲ့သည်။

ကောင်စီရုံးသို့ရောက်သောအခါ တွန်းလှည်းဖြင့် နှစ်ကြိမ်သယ်ယူခဲ့ရ၏။

ရပ်ဆယ်က အဆိုပါအဆောက်အဦများတွင် လျှပ်စစ်မီးမရှိ၊ ရေမရှိ၊ ဓာတ်ငွေ့မရှိသည့်အပြင် လူမနေသည်မှာလည်း နှစ်နှစ်ခန့်ရှိပြီဖြစ်သောကြောင့် အခွန်ပေးဆောင်ရန်မလိုကြောင်း ယုံကြည်လျက်ရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*