သူငယ်ချင်းရဲ့မင်္ဂလာပွဲမှာ သတို့သမီးအရံလုပ်ပေးခဲ့ပေမဲ့ သူငယ်ချင်းရဲ့ခင်ပွန်းနဲ့ပြန်လက်ထပ်ခဲ့တဲ့ အမျိုးသမီးရဲ့ဖြစ်ရပ်မှန်

Katrina Hawes နဲ့ Kelly Velt အမည်ရှိတဲ့ မိန်းကလေးနှစ်ယောက်ဟာ အလွန်ကိုချစ်ခင်ကြတဲ့ သူငယ်ချင်းများဖြစ်ကြပြီး တစ်ယောက်မင်္ဂလာပွဲမှာ တစ်ယောက်က သတို့သမီးအရံလုပ်ပေးခဲ့ကြပါသေးတယ် ။ ထို့အပြင် သူမတို့ရဲ့ ခင်ပွန်းဖြစ်တဲ့ Corey နှင့် Nathan တို့နဲ့အတူ မကြာခဏအတူ double-date လုပ်လေ့လည်း ရှိခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း တစ်ရက်မှာတော့ Kelly ဟာ ဦးခေါင်းအတော်လေးကိုက်ခဲကြောင်း ပြောဆိုခဲ့ပြီး ဆေးရုံမှာစစ်ဆေးခဲ့ချိန်မှာတော့ ဦးနှောက်မှာ အသားပိုအကြိတ်ဖြစ်နေခဲ့ကြောင်း သိရှိခဲ့ရပါတယ် ။

Kelly ဟာ သူမကိုယ်သူမလည်း အတော်လေးစိတ်ပျက်ခဲ့ပြီး သူမရဲ့အသက်ဟာလည်း 29 နှစ်သာရှိသေးပြီး သူမရဲ့ကလေးနှစ်ယောက်မှာလည်း 3နှစ်သားအရွယ် နှင့် 1 နှစ်သားအရွယ်သာ ရှိသေးကြလို့ပါ ။ Kelly ဟာ ခွဲစိတ်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ သူမရဲ့ကျန်းမာရေးဟာအတော်လေးဆိုးဝါးခဲ့လို့ Katrina တို့လင်မယားက အစွမ်းကုန် Kelly တို့မိသားစုကို ဂရုတစိုက်အားပေးစကားပြောပြီး နှစ်သိမ့်ကူညီပေးခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း Kelly ဟာ အသက် 31 နှစ်မှာ သေဆုံးသွားခဲ့ပြီး သူမရဲ့အသုဘပွဲကို ကျင်းပပြီးတစ်ရက်အကြာမှာပဲ Katrina ရဲ့ခင်ပွန်းဖြစ်သူ Corey ဟာ ဆေးရုံသို့သွားပြီး ဆေးစစ်ချက်ခံယူအပြီးမှာတော့ ပန်ကရိယကင်ဆာဖြစ်နေမှန်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ် ။ သို့ပေမဲ့လည်း Katrina ကတော့ ခင်ပွန်းဖြစ်သူကို အစွမ်းကုန်ကုသဖို့ကြိုးစားခဲ့ပါတယ် ။

သူမတို့သားသမီးတွေဟာ 7နှစ်သားအရွယ် နဲ့ 4နှစ်သားအရွယ်တွေသာ ရှိသေးတဲ့အတွက် ကလေးငယ်တွေအရွယ်ရပြီးကြီးထွားလာတာကို ခင်ပွန်းသည်အားတွေ့စေချင်သေးလို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း ခင်ပွန်းသည်ဟာ အသက် 35 နှစ်မှာပဲ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ရပါတယ် ။

နောက်ပိုင်း Nathan နဲ့ Katrina တု့ိဟာ အချင်းချင်း အားပေးကူညီနှစ်သိမ့်ခဲ့ကြရင်း Corey သေဆုံးပြီး တစ်နှစ်အကြာမှာတော့ လက်ထပ်ခဲ့ကြပါတယ် ။ အစပိုင်းမှာတော့ သူမတို့လက်ထပ်ပွဲကို လူအများကမျိုးစုံကန့်ကွက်ဝေဖန်ခဲ့ကြပေမဲ့လည်း Katrina ကတော့ သူမရဲ့သူငယ်ချင်း Kelly ဟာ သူမကိုစိတ်ဆိုးဒေါသထွက်နေမှာ မဟုတ်ကြောင်းနှင့် သူမရဲ့သားသမီးတွေကို တကယ့်စိတ်ရင်းနဲ့ မိခင်တစ်ယောက်လို သူမကစောင့်ရှောက်ပေးနေတာြစ်တဲ့အတွက် Kelly က ကောင်းကင်ကနေ သူမတို့ကိုလှမ်းကြည့်နေပြီး ပျော်ရွှင်နေမိမှာဖြစ်ကြောင်း သူမရဲ့အတိတ်အကြောင်းကို ပြောပြသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*