
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟာ အာရှမှာ နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ပေမဲ့လည်း Facebook အသုံးပြုခွင့်မရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ တရုတ်အစိုးရဟာ လွန်ခဲ့တဲ့ 2009 ခုနှစ်ထဲက facebook အသုံးပြုမှုကို ကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လွန်ခဲ့သော 2009 ခုနှစ် ဇူလိုင် ၅ ရက်နေ့က တရုတ်နိုင်ငံ၊ အနောက်မြောက်ဘက်အပိုင်း ရှင်းကျန်းအူဂါးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Xinjiang Uygur Aptonom Rayoni,XUAR) မှာ နေထိုင်ကြတဲ့ ဥဂါးလူမျိုး(Uyhur Nationalism) အနည်းဆုံး အယောက် (၁ဝဝဝ)ယောက်လောက်ပါဝင်တဲ့ အကြမ်းဖက်မှု တစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။
ဒီအကြမ်းဖက်မှုမှာ အူဂါလူမျိုးတွေက အဓိက “ဟန်” တရုတ်လူမျိုးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရရှိသူ လူပေါင်း(1721)ယောက် အပြင် လူပေါင်း (197)ယောက် သေဆုံးခဲ့ပြီး အများဆုံးမှာ ဟန်လူမျိုးတွေ ဖြစ်ပါတယ်။ လူနေအိမ်အဆောက်အအုံတွေနဲ့တကွ ကားတွေလည်း အများကြီးဖျက်ဆီးခံခဲ့ရပါတယ်။
အူဂါး လူမျိုးတွေဆိုသည်မှာ အရှေ့ တာကီစတန် မွတ်ဆလင်လူမျိုး ၊ အစ္စလာစ်ဘာသာ ကိုးကွယ်ကြပြီး အူဂါးဘာသာစကားကို အသုံးပြုပြောဆိုကြပါတယ်။တာကီတန် အစ္စလာမ်ပါတီ(Turkistan Islamic party) တွေကဲ့သို့သော အကြမ်းဖက်ရေးဝါဒီကို လက်ကိုင်ထားပြီး အရှေ့တာစကီတန်လွတ်လပ်ရေးလှုပ်ရှားမှု ( East Turkestan Independence movement) ခေါ် အရှေ့တာကီတန် အစ္စလာမ်လှုပ်ရှားအဖွဲ့တွေကဲ့သို့သော အကြမ်းဖက်မှုတွေကို ပြုလုပ်ကြပါတယ်။ တရုတ်လူမျိုးမဟုတ်သော်လည်း တရုတ်နိုင်ငံကို လွန်ခဲ့တဲ့ (၁၀) ရာစုနှစ် လောက်ထဲက လာရောက်နေထိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွားစေရန် အလိုငှာ အူဂါး လူမျိုးတွေ ဆက်သွယ်ရေးစနစ်အဖြစ် အဓိကအသုံးပြုခဲ့တဲ့ facebookကို တရုတ်အစိုးရဟာ 2009 ခုနှစ်လောက်ကထဲက ကန့်သတ်ခဲ့တာဖြစ်ပါတယ်။
နောက်ထပ် တစ်ခုကတော့ facebook အသုံးပြုသူတရုတ်Userတွေဟာ တရုတ်Google system ပြသနာတက်ပြီးကတည်းက facebook စနစ်ဟာလည်း အောင်မြင်မှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။ August 2013ခုနှစ်မှာ တရုတ်တစ်နိုင်ငံလုံး နီးပါး တရားဝင် ပိတ်ပစ်ခဲ့ပြီး ဟောင်ကောင် နဲ့ မကာအိုမှာတော့ facebook အသုံးပြု လို့ရပါတယ်။ တရုတ်နိုင်ငံ အဓိက အသုံးပြုကြတဲ့ Social Media က Wechat ဖြစ်ပြီး ကမ္ဘာပေါ်မှာ နောက်ထပ် facebook အသုံးပြုခွင့်မရှိတဲ့ နိုင်ငံတွေကတော့ ဘဂါၤလားဒေ့ဗ် ၊ အီရမ် နိုင်ငံ နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဖြစ်ပါတယ်။
Leave a Reply