Supermarketရဲ့ နံရံနဲ့အအေးခန်းသေတ္တာကြားထဲမှာ ပိတ်မိနေတဲ့အမျိုးသားကို 10နှစ်ကြာမှတွေ့ရှိခဲ့

အမေရိကန်ပြည်ထောင်စု Lowaပြည်နယ် ၊ Council Bluffs မြို့ရဲ့ Supermark အဟောင်းတစ်ခုမှာရှိတဲ့ စင်တွေနဲ့ အအေးခန်းသေတ္တာတွေကိုရွှေ့ပြောင်းလိုက်တဲ့အချိန်မှာ အလုပ်သမားများဟာ နံရံနဲ့ အအေးခန်းသေတ္တာကြားထဲမှာပိတ်မိနေတဲ့ အလောင်းကိုအံ့သြထိတ်လန့်စွာတွေ့ရှိခဲ့ကြပါတယ် ။

အလောင်းမှာ Larry Ely Murillo-Moncada အမည်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ၊ အဆိုပါSupermarket၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကာ ၊ 2009ခုနှစ် နိုဝင်ဘာလ8ရက်နေ့ကတည်းက ပျောက်ဆုံးနေကြောင်းကြေညာထားသူဖြစ်ပါတယ်။စုံစမ်းစစ်ဆေးသူများ၏ထုတ်ပြန်ချက်အရ ၎င်းအမျိုးသား၏မိဘများနှင့်လည်းDNAတိုက်စစ်ဆေးခဲ့ပြီး ၊ မိဘများကလည်း ၎င်းအမျိုးသားပျောက်ဆုံးသွားချိန်မှာတိုင်ကြားထားသည့်အဝတ်အစားပုံစံများနှင့်လည်း ကိုက်ညီမှုရှိကြောင်းအတည်ပြုပေးခဲ့ပါတယ်။

2009ခုနှစ်မှာတော့ Larry၏မိဘများက သားဖြစ်သူ အသက်25နှစ်ဟာ မိဘများနှင့်ကတောက်ကဆဖြစ်ပြီး အိမ်ပေါ်မှဆင်းသွားကြောင်း ရဲဌာနသို့တိုင်ကြားထားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူများ၏ကောက်နုတ်ချက်အရ Larry ဟာအဆိုပါနေ့မှာ သူအလုပ်လုပ်နေတဲ့Supermarket သို့သွားခဲ့ပြီး ၊ ရေခဲသေတ္တာတစ်ခုပေါ်သို့တက်ရောက်သွားခဲ့ပါတယ် ။ ၎င်းနေရာကတော့ များသောအားဖြင့်ဝန်ထမ်းတွေဟာ တိတ်တဆိတ်ပုန်းပြီးအနားယူလေ့ရှိသောနေရာ ဖြစ်ပါတယ်။

လူအများစုယုံကြည်ကြတာကတော့ Larry ဟာနံရံနဲ့ အအေးခန်းသေတ္တာ၏အနောက်ဖက်ကြား 18လက်မအကျယ်သာရှိတဲ့အပေါက်ထဲသို့ကျသွားကာ ၊ ညပ်နေပြီး ကိုယ်တိုင်ကြိုးစားရုန်းထွက်ခဲ့ပေမဲ့လည်းမအောင်မြင်ဘဲ၊ အဆိုးဆုံးမှာတော့ အအေးခန်းသေတ္တာ၏ဖိသိပ်စက်မှာကျယ်လောင်လွန်းတဲ့အတွက် သူ၏အကူအညီတောင်းသံကိုမည်သူမှ မကြားနိုင်ခဲ့ခြင်းသာဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ Larry ဟာသေဆုံးတဲ့အချိန်ထိ အအေးခန်းသေတ္တာအနောက်ထဲမှာ ညပ်နေခဲ့ခြင်းဖြစ်ပါတယ် ။

အလောင်းကို 10နှစ်အကြာမှာတွေ့ရှိခဲ့ပေမဲ့ ဒဏ်ရာဒဏ်ချက်တွေကိုမတွေ့ရှိခဲ့တဲ့အတွက် မတော်တဆသေဆုံးမှုအဖြစ်သာကောက်ချက်ချခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*