ဒင်္ဂါပြားတောင် ထောင်ထားလို့ရအောင် ငြိမ့်တဲ့ရူးလောက်စရာ ဂျပန်ရထားများ

လူနေမှုအဆင့်အတန်းဖွံဖြိုးတိုးတက်ဖို့ ဆိုရင် နိုင်ငံသားတွေဟာ စည်းကမ်းရှိဖို့လိုပါမယ်။ ဂျပန်နိုင်ငံဟာ အရှေ့ အာရှ မှာ လူနေမှုအဆင့်အတန်းအမြင့်မားဆုံးနဲ့ ပညာရေးအဆင့်အတန်း စက်မှုလက်မှု အဘက်ဘက်က ပြောစရာမလိုအောင် ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ငလျင်ဒဏ်ကို အခံစားရဆုံးနိုင်ငံဖြစ်သလို ခုချိန်ထိ ဂျပန်နိုင်ငံရဲ့ မီးတောင်တွေအများဆုံး ရှိတဲ့ နိုင်င့လည်းဖြစ်ပါတယ်။

ပညာရေးမှာ လည်း အဆင့်အတန်းမြင့်ပြီး စက်မှုလက်မှုဖွံဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ပါတယ်။ ဂျပန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ စည်းကမ်းအရှိဆုံးလူမျိုးတွေဖြစ်ပါတယ်။ ရောက်လေရာမှာ အမြဲစည်းစနစ်တကျနဲ့ လုပ်ကိုင်တတ်ပြီး လုပ်ရည်ကိုင်ရည် ကတော့ ဘယ်နိုင်ငံသားမဆို ဂျပန်လူမျိုးတွေကို လေးစားရပါတယ်။

ဂျပန်မှာ လူဦးရေ 127 million ရှိပြီး ဂျပန်အစိုးရ အနေနဲ့ ပြည်သူလူထုအတွက် အဘက်ဘက်က လူနေမှု အဆင့်အတန်းမြင့်မားအောင် အများကြီး ဆောင်ရွက်ထားပေးတာဖြစ်ပါတယ်။

ခုဆိုရင် တိုကျို မြို့မှာ ရှိတဲ့ ဂျပန်ရထားတွေရဲ့ စနစ်ဟာ ရူးလောက်စရာပါပဲ။ သွားနေမှန်းမသိရရလောက်အောက် တည်ငြိမ်ပြီး ဒင်္ဂါးပြား စေ့ကို ထောင်ထားရင်တောင် တုတ်တုတ်မှ မလှုပ်အောင်တည်ငြိမ်နေပါတယ်။ ရထားဘူတာ တလျှောက်မှာ အမှိုက်တစ မရှိအာင် သန့်ရှင်းနေပါတယ်။ စည်းကမ်းရှိမှုနဲ့ စက်မှုလက်မှု ဖွံဖြိုးတိုးတက်မှုက အတုယူလောက်စရာမို့ Video File လေးနဲ့ တကွ ဖော်ပြလိုက်ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*