ဖောက်ပြန် နိုင်ခြေအရှိဆုံးသူတွေရဲ့ တူညီလေ့ရှိတဲ့အရည်အသွေးတစ်ခုကို စိတ်ပညာရှင်များပြော

ကိုယ့်ရဲ့လက်တွဲဖော်ဟာ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ဖောက်ပြန်နေသလားဆိုတာသိဖို့ အချက်တစ်ခုကိုပဲ သတိထားဖို့ လိုအပ်ကြောင်း စိတ်ပညာရှင်တွေက သတိပေးခဲ့ပါတယ်။ အဲဒီအချက်ဟာ ဖောက်ပြန်သူ တော်တော်များများမှာလည်း တွေ့နိုင်ကြောင်းလည်း ဆိုထားပါတယ်။

အိမ်ထောင်ရေး ဖောက်ပြန်မှုမှာ နာမည်ကြီးခဲ့တဲ့ ဘရက်ပစ်၊ Ben Affleck နဲ့ Gavin Rossdale တို့မှာလည်း အဲဒီအချက်ကို ထူးထူးခြားစွာ တွေ့ခဲ့ရကြောင်း ဆိုထားပါတယ်။ မိမိလက်တွဲဖော် ဖောက်ပြန်နိုင်သလားဆိုတာက သူဟာ ဘယ်လောက်စွဲဆောင်မှု ရှိသလဲဆိုတာပေါ် မူတည်ကြောင်း Personal Relationships ဂျာနယ်မှာ ရေးသားထားပါ
တယ်။


ဘရက်ပစ်ဟာ Jennifer Aniston လက်ထပ်ပြီး မကြာမီမှာ အင်ဂျလီနာဂျိုလီနဲ့ ဖောက်ပြန်ခဲ့ပြီး၊ အိမ်ထောင်ရေး ကွဲတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ယင်းနောက် အင်ဂျလီနာနဲ့ လက်ထပ်ခဲ့ပြီး၊ မကြားသေးခင်ကမှ လိင်ပိုင်းဆိုင်ရာ စွပ်စွဲခံရမှုတွေနဲ့ အိမ်ထောင်ရေး ကွဲခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာကျော် အဆိုတော် Gavin Rossdale လည်း ဇနီးသည် အချောအလှ Gwen Stefani ရှိနေရက်နဲ့ အိမ်အကူ မိန်းကလေးနဲ့ ဖောက်ပြန်ခဲ့လို့ 2016 ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ဒါ့အပြင် Jennifer Garner နဲ့ ခင်ပွန်းဖြစ်သူ Ben Affleck တို့ဟာလည်း အိမ်ဖော်အမျိုးသမီးနဲ့ Ben ရဲ့ ကျော်မကောင်းကြားမကောင်း သတင်းတွေထွက်ပေါ်လာပြီးနောက် ခွာပြဲခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ နာမည်မကျော်တဲ့ ပြင်ပလူနေမှုဘဝမှာလည်း နည်းစပ်မှုရှိပြီး၊ စွဲဆောင်မှုပိုကောင်းလေ ဖောက်ပြန်ဖို့ အခွင့်အရေး ပိုများလေလို့ ဆိုပါတယ်။ IMDB.com နဲ့ Forbes မဂ္ဂဇင်းတို့က ထုတ်ပြန်ထားတဲ့ အကြော်ကြားဆုံး လူတစ်ရာနဲ့ နာမည်ကျော် 130 တို့ရဲ့ ဓာတ်ပုံတွေကို အမျိုးသမီးနှစ်ယောက်ကို ဘယ်သူ ချောသလဲဆိုတာကို ဆုံးဖြတ်စေ ပါတယ်။

အမျိုးသမီးနှစ်ယောက်ရွေးချယ်တဲ့လူတွေရဲ့ ရာဇဝင်ကို နောက်ယောင်ခံလိုက်တဲ့အခါ အများစုဟာ အိမ်ထောင်ရေးဖောက်ပြန်မှုတွေရှိခဲ့တယ်ဆိုတဲ့အချက်ကို သွားတွေ့ခဲ့ပါတယ်။ ထို့အတူ တက္ကသိုလ်ကျောင်းသားဟောင်းပေါင်း 238 ယောက်ကိုလည်း ဒီလိုပဲ ရွေးချယ်စေပြီး၊ နောက်ကြောင်းရာဇဝင်တွေ စုံစမ်းတဲ့အခါမှာ ရာခိုင်နှုန်းထက်ဝက်ကျော်ဟာ အိမ်ထောင်ရေး ဖောက်ပြန်သူတွေ ဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။

ဒီစစ်တမ်းကိုတော့ British Psychological Society မှ Dr Christine Ma-Kellams ဦးဆောင်တဲ့အဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ Ancestry.com မှ ရရှိခဲ့တဲ့သုတေသနစစ်တမ်းတွေကိုလည်း အခြေခံခဲ့ပြီး၊ အဖြေတစ်ခု ထုတ်နိုင်ခဲ့ကြပါတယ်။ အဖြကတော့ ရုပ်ရည်ပိုင်းမှာ စွဲဆောင်မှုပိုကောင်းလေ ဖောက်ပြန်ဖို့ သေချာသလောက် ဖြစ်လေဆိုတဲ့ အချက်ပါဘဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*