ဖုန်း ပဲသုံးနေခဲ့လို့ (၆)လအရွယ် ကလေးငယ် ရေချိုးခန်း ထဲ သေခဲ့တာကို မသိခဲ့တဲ့ မိခင်

ဖုန်း ပဲသုံးနေခဲ့လို့ (၆)လအရွယ် ကလေးငယ် ရေချိုးခန်း ထဲ သေခဲ့တာကို မသိခဲ့တဲ့ မိခင်

ကလေး ၂ ယောက် မိခင် ဟာ ထောင်ဒဏ် ကျခံရမယ့်အရေးနဲ့ရင်ဆိုင်နေရပြီး ရဲတပ်ဖွဲ့ဟာ ကလေးငယ် သေဆုံးချိန်မှာ မိခင်ဖြစ်သူ ဖေ့စ်ဘွတ်ခ်အသုံးပြုနေခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကေလာလင်တန်ဟာ တဲလ်အဗစ်မှာ အဖမ်းခံခဲ့ရပြီး ရဲတပ်ဖွဲ့က နာအိုမီလို့အမည်ရတဲ့ ကလေးငယ် ရေချိုးကန်ထဲမှာ ရေနစ်နေချိန် ကေလာလင်တန်အနေနဲ့ ဖုန်းကို အသုံးပြုနေခြင်းရှိ၊ မရှိ ရှာဖွေနေပါတယ်။

နာအိုမီ ရေနစ်နေတာ သိသိချင်း ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပြီး တစ်ပတ်ကြာ ကိုမာဝင်ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ Mirror ရဲ့သတင်းအရ သိရပါတယ်။

ကေလာလင်တန်ဟာ လက်ရှိအချိန်မှာ အာမခံကြေး ပေါင် ၄၂၀ ပေးသွင်းထားပြီး ၎င်းရဲ့ကလေးငယ် သေဆုံးမှုမှာ အပြစ်ရှိ၊ မရှိ ကြားနာမှုကို စောင့်ဆိုင်းနေရပါတယ်။

ကေလာလင်တန်ဟာ ကလေးငယ်ကို တစ်ဦးတည်း အိမ်သာကို သွားစေခဲ့ကြောင်း ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့က ကေလာလင်တန် မိုဘိုင်းဖုန်းကို အသုံးပြုနေခြင်းရှိ၊မရှိ စစ်ဆေးနေပြီး ယင်းအချိန်အနည်းငယ်ဟာ ကလေးငယ်သေဆုံးစေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ကေလာလင်တန်ရဲ့ခင်ပွန်းဖြစ်သူကလည်း ကလေးငယ်သေဆုံးချိန်မှာ ဆိုရှယ်မီဒီယာကို အသုံးပြုနေခြင်းရှိ၊ မရှိ စစ်ဆေးဖို့အတွက် ကေလာလင်တန်ရဲ့ဖုန်းကို ရဲတပ်ဖွဲ့က ယူဆောင်သွားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ကေလာလင်တန်ရဲ့ရှေ့နေ အိုဖာဘာတယ်က ကေလာလင်တန်အနေနဲ့ သူမရဲ့ခြောက်လသားအရွယ် ကလေးငယ် နာအိုမီကို အသက်ပြန်ရှင်အောင် ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာ တဲလ်အဗစ်ရဲတပ်ဖွဲ့က ကေလာလင်တန်ကို စွဲချက်တင်၊ မတင်ကို ကြားနာဖို့ စောင့်ဆိုင်းနေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*