ဂေဟာသို့လာရောက်လည်ပတ်သူတွေ မွေးစားအောင် အမြဲအစွမ်းကုန်ပြုံးပြနေတဲ့ ခွေးလေးရဲ့အဖြစ်(ရုပ်သံ)

ခိုကိုးရာမဲ့နေတဲ့ တိရစ္ဆာန်လေးတွေကို အမြဲစောင့်ရှောက်ပေးနေတဲ့ ဂေဟာကဆိုရင်လည်း ခွေးလေးတွေအမြဲရေရှည်အတူနေထိုင်နိုင်မဲ့ သခင်မျိုးရအောင် ခွေးလေးတွေကို ချစ်ဖို့ကောင်းတဲ့အပြုအမှုမျိုးလုပ်တတ်အောင် လေ့ကျင့်ပေးထားကြပါတယ် ။ ဒါမှသာလျှင် ဂေဟာသို့လာရောက်လှည်ပတ်သူတွေက သူတို့လေးတွေကို မွေးစားကြမှာမို့လို့ပါပဲ ။

ဒီတစ်ခေါက်မှာလည်း အမဲရောင်ခွေလေးတစ်ကောင်ဟာ သူ့ရှေ့သို့အမြဲဖြတ်လျှောက်သွားတဲ့သူတွေ သူ့ကိုချစ်ခင်ပြီးမွေးစားအောင် အမြဲအစွမ်းကုန်ပြုံးပြလေ့ရှိပါတယ် ။

အဆိုပါခွေးလေးဟာ သူ့ဆီသို့လာရောက်စကားပြောဆိုသူတွေကို တခြားသောခွေးလေးတွေလို အပြုံးလေးနဲ့ စည်းရုံးသိမ်းသွင်းလေ့ရှိပါတယ် ။ ဂေဟာမှတာဝန်ရှိသူပြောပြချက်အရ ခွေးလေးဟာ သူ့ကို ချိုချိုသာသာစကားလေးတွေပြောတိုင်း အတော်လေးပျော်ရွှင်ပုံရပြီး သူ့အားမွေးစားဖို့တောင်ဆိုနေတဲ့ပုံစံလေးနဲ့ ကြည့်တတ်ပြီးပြုံးပြလေ့ရှိပါတယ် ။

ခွေးလေးတွေအတွက် ယုံကြည်စိတ်ချရတဲ့ ပိုင်ရှင်မျိုးရရှိအောင် ခွေးလေးတွေ တတ်နိုင်တဲ့ ချစ်ဖို့ကောင်းတဲ့အပြုအမှုတွေအကုန်လုံးကို ဂေဟာမှဝန်ထမ်းများက အမြဲသင်ကြားပေးလျက်ရှိကြောင်းလည်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*