ကျောင်းသားမိဘတွေကြားမှာ ဝေဖန်မှုတွေမြင့်တက်နေတဲ့ ကျောင်းဝတ်စုံအသစ်

ဗြိတိန်နိုင်ငံ အော့စဖို့ရှိုင်းယားရှိ Chiltern Edge School အလယ်တန်းကျောင်းတွင် ကျောင်းသားများကို စကပ်ဝတ်ဖို့ အမိန့်ထုတ်ပြန်လိုက်တာကြောင့် လူမှုကွန်ရက်တွေပေါ်မှာ ဝေဖန်မှုတွေများပြားနေတယ်လို့ သိရပါတယ်။အဆိုပါ အလယ်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူတွေဟာ ဘောင်းဘီရှည် ဒါမှမဟုတ် စကပ်ကိုသာ ဝတ်ဆင်ခွင့်ရှိပြီး နွေရာသီ အလွန်ပူပြင်းတဲ့ နေ့တွေမှာလည်း အတိုအပြတ်တွေ ဝတ်ခွင့် မရှိဘူးလို့ သိရပါတယ်။

၎င်းကျောင်းတွင် ကျောင်းသားတွေကို အတိုအပြတ်ဝတ်ဆင်တာ တားမြစ်ပြီး စကပ်ဝတ်ဖို့ကို ညွန်းကြား လိုက်တာပဲ ဖြစ်ပါတယ်။ဒါပေမယ့် လိင်ပိုင်းဆိုင်ရာ ကြားနေရေး မူဝါဒရဲ့ ကျောင်းသားတွေဟာ စကပ်ကို ကျောင်းသူတွေလို အလားတူ ဝတ်ဆင်နိုင်ကြောင်း ကျောင်းသားမိဘတဦးက ပြောတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။ ကျောင်းအုပ်ဆရာကြီး Moira Green ကလည်း ကျောင်း ဝတ်စုံ အသစ်ဟာ ကျောင်းသားတွေအတွက် ပိုပြီးစည်းကမ်းတကျ ဖြစ်စေကာ အတိုအပြတ်ပုံစံဟာ အဓိက ကျောင်းဝတ်စုံ အစိတ်အပိုင်း မဟုတ်ဘူးလို့ ပြောပါတယ်။

အဆိုပါ ကျောင်းဝတ်စုံအသစ်နဲ့ ပတ်သတ်ပြီး ကျနော်တို့လုံးဝသဘောမကျပါဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ကျနော်တို့က ဒူးအထက် စကတ်တွေ၊ အသားကပ် ဂျင်းတွေကို တောင်းဆိုနေတာမဟုတ်ပဲ တနှစ် မှာနှစ်လလောက်ပဲ မီးခိုးရောင်ဘောင်းဘီအတိုတွေကို ဝတ်ခွင့်တောင်းဆိုနေတာပါ။ ဒါဟာ ပြဿနာကြီး မဟုတ်ပါဘူးလို့ အဆိုပါကျောင်းသားမိဘကတစ်ဦးကပြောပါတယ်။ ဗြိတိန်နိုင်ငံရဲ့လက်ရှိအပူချိန်ကတော့ ၂၆ ဒီဂရီ ဆဲလ်စီးယက်စ်ထိ ရှိတယ်လို့ ဒေသခံမိုးလေဝသသတင်းဌာနတွေရဲ့ ထုတ်ပြန်ကြေငြာချက်အရ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*