အိမ်နီးချင်းတွေဆီက အတွင်းခံတွေ ခိုးခဲ့တဲ့ ကြောင်သူခိုးလေး

Brigitလို့ခေါ်တဲ့ Tonkineseအမျိုးအစားကြောင်လေးဟာ ထူးထူးဆန်းဆန်း အိမ်နီးချင်းတွေဆီက အတွင်းခံနဲ့ ခြေအိတ်တွေ ခိုးယူခဲ့ပါတယ်။ ခိုးယူလာပြီး အိမ်ကို သယ်သယ်လာတာကြောင့် သူ့ကို ပိုင်တဲ့ သခင်မလေး ခများ ငိုရမလို ရယ်ရမလို အတော် အကျပ်ရိုက်ပါတယ်။Brigitဟာ ညအပြင်ထွက်လည်တတ်ပြီး ပြန်လာတဲ့ ညတိုင်းလိုလို တစ်ခါနှစ်ခါမကပဲ ယောကျာ်းဝတ်အတွင်းခံတွေ ခိုးလာလို့ပါ။

ကြောင်ပိုင်ရှင်ကတော့ Sarah Nathon ဖြစ်ပြီး New Zealand နိုင်ငံ Hamittonမှာ နေထိုင်ပါတယ်။ Sarah ဟာ သူ့ Brigitလေး ခိုးလာတဲ့ အတွင်းခံတွေကို ပြန်ပေးဖို့အတွက်နဲ့ လမ်းထဲမှာ ရှိတဲ့ အိမ်နီးချင်းတွေရဲ့ စာတိုက်ပုံးတွေမှာ ” သင့်ရဲ့ အတွင်းခံ ပျောက်နေပါသလား?

ကျွန်မရဲ့ ကြောင်လေးက အိမ်နီးချင်းတွေဆီက ယောကျ်ားဝတ်အတွင်းခံတွေ ယူယူလာတတ်လို့ပါ။ ဒီအတွက် တောင်းပန်ပါတယ်။ ဒီစာကို တွေ့ရင် ကျွန်မကို ဆက်သွယ်ပြီး လာယူနိုင်ပါတယ် “လို့ စာတိုလေးတွေ ချန်ထားခဲ့ပြီး တောင်းပန်ခဲ့ရပါတယ်။

Brigit ဘာကြောင့် ဒီလိုတွေ ခိုးခိုးလာသလဲ Sarah က နားမလည်နိုင်အောင်ပဲ ညတိုင်းညတိုင်း အိမ်ကိုယူယူလာလို့ ဘယ်လိုလုပ်ရမှန်းမသိတဲ့အတွက် ဒီလို စာတွေပို့ပြီး ပြန်ပေးဖို့ကြိုးစားခဲ့တာပါ။ အတွင်းခံ ခိုးခံရတဲ့ ကိုယ်တော်ချောတွေ အနေနဲ့လဲ ကြောင်တစ်ကောင် ခိုးသွားမှန်း မသိရအောင် ဘယ်လိုတောင် ပေါ့လျော့လဲ မသိဘူးနော်။

“ဒီအဆင်လေးက ကျွန်တော် အတွင်းခံ ဘောင်းဘီ ပါ” လို့ ပြောပြီး ပြန်ယူဖို့ တော့ အတော် မျက်နာပြောင်မှဖြစ်မယ်ထင်ပါတယ်။နောက်ထပ်သတင်းထူးအနေနဲ့ Sarah နဲ့ Brigit ကြောင်လေး တို့ဟာ Hamiltonကနေ ပြောင်းတော့မှာမို့ အိမ်နီးချင်းတွေရဲ့ အတွင်းခံတွေလည်း ချမ်းသာရာရတော့မှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*