ငွေစက္ကူ ပုံစံနဲ့ ကြော်ငြာစာရွက်ပြုလုပ်ပြီး လမ်းမပေါ်မှာဖြန့်ကျဲထားကာ လူအများဖတ်မိအောင် လူလိမ်ကျကြော်ငြာခဲ့တဲ့အဖြစ်

ကြော်ငြာစာရွတ်တွေဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကြော်ငြာပေမဲ့လည်း လူတွေစိတ်ဝင်တစားဖတ်ရှုတာမျိုးမရှိပါဘူး ။ ဒါကြောင့် လူတွေစိတ်ဝင်စားပြီး ဖတ်မိအောင် ကြော်ငြာလာကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ကြော်ငြာ marketing ဆင်းတဲ့ပုံစံကတော့ ထင်ထားတာထက်ကို တော်တော်လေး အကျိုးတက်ရောက်သွားတယ်လို့ ပြောရမှာပါပဲ ။

ဖြစ်စဉ်ကတော့ မလေးရှားငွေစက္ကူ RM 100 ပုံစံနောက်ကျောနဲ့ Casino လောင်းကစားရုံ ကြော်ငြာစာရွတ်တွေကို လမ်းမကြီးပေါ်မှာ ဖြန့်ကျဲပြီး ဝေမျှခဲ့လို့ပါပဲ ။

အဝေးကနေကြည့်မယ်ဆိုရင် လမ်းမပေါ်မှာ တစ်စုံတစ်ယောက်ရဲ့ ပိုက်ဆံထွက်ကျခဲ့တယ်လို့ ထင်မိမှာပါ ။ ပိုက်ဆံလိုနေတဲ့ လူတိုင်းကတော့ အဆိုပါကြော်ငြာစာရွတ်တွေကို ကောက်ယူကြည့်မိကြမှာပါပဲလေ ။

အဆိုပါအကြောင်းပြချက်တွေကြောင့် ငွေစက္ကူ RM 100 အတိုင်းတစ်ပုံစံထဲ ပြုလုပ်ပြီး လူအများရဲ့အာရုံကို ဖမ်းစားခဲ့တာပါ ။ ကံမကောင်းခဲ့ရင်တော့ ငွေစက္ကူ ပုံစံကြော်ငြာစာရွက်ကြောင့် အရေးယူခံရနိုင်ဖွယ်ရှိပါတယ် ။ သို့ပေမဲ့လည်း game လေးတွေဆော့ပြီး ငွေရှာချင်ရင်တော့ အဆိုပါကာစီနို ဆီသို့ သွားဖို့သတိရမိမှာပေါ့လေ ။

Be the first to comment

Leave a Reply

Your email address will not be published.


*