အသက် (၉)နှစ် နဲ့ အရမ်းချမ်းသာသော်လည်း လူမုန်းအလွန်များတဲ့ ကလေးမလေး

Liltayဆိုတဲ့ ကလေးမလေးဟာဆိုရင် ခုမှ အသက်(၉) နှစ်ပဲရှိသေးတာပါ။အရွယ်နဲ့ မလိုက်အောင် ချမ်းသာပေမဲ့လဲ အလွန်လူမုန်းများပါတယ်။

အကြောင်းရင်းကတော့ သူမဟာ သူမရဲ့ ချမ်းသာမှုကို အရွယ်နဲ့ မလိုက်အောင် ကြွားဝါရိုင်းပြ ပြောဆိုတဲ့ Post တွေ၊ Video file တွေ Facebook နဲ့ instagram တွေမှာ တင်ခဲ့တာကြောင့်ပါ။

Video file အများစုထဲမှာလဲ ဒေါ်လာတွေအထပ်လိုက် ၊ Iphone နဲ့ ဇိမ်ခံကားအမျိုးမျိုးပေါ်မှာ ကြွားဝါ အသားပေး ရိုက်ထားတဲ့ Video fileတွေဖြစ်ပြီးတော့ ပြောပုံဆိုပုံက” မင်းကြည့်လိုက်၊ ငါ အသက် ၉ နှစ်ပဲ ရှိသေးတယ်၊ ငါ ဘယ်လောက် ချမ်းသာလဲ ” ဆိုတဲ့ Rapping ရွတ်သလို အသုံးအနှုန်းမျိုးတွေနဲ့ ဖြစ်ပါတယ်။

 

မျက်နာလေးက အပြစ်ကင်းချစ်စရာကောင်းပေမဲ့လည်း သူမရဲ့ postအောက်က Commentတွေ တော်တော်များများဟာ သူမကိုမုန်းတဲ့ စကားတွေဖြစ်ပါတယ်။ တချို့ကလဲ မိဘတွေ မဆုံးမဘူးလား လို့ ပြောနေကြပေမဲ့ Liltay က ဘာကိုမှ ဂရုစိုက်ပုံမရပါဘူး။

သူမ ရဲ့ instragram မှာ followers 2.3 millions ကျော်ရှိပြီး နာမည်ကြီး Rapper Celebraties အများစုနဲ့ ရင်းနှီးတဲ့ ပုံတွေလဲ မြင်ရမှာပါ။ သူမ ဟာ တကယ်ချမ်းသာတဲ့သူလား။ သူမ ရဲ့ အမှန်တကယ်အကြောင်းရင်း ကဘာလဲ။သူမ မိဘတွေဟာ ဘယ်သူလဲ ဆိုတာ ပရိသတ်တွေ စိတ်စင်စားမယ် ထင်ပါတယ်။ နောက်တပိုင်း အနေနဲ့ သူမ အကြောင်းလေး ဆက်လက် ဖော်ပြသွားပါမယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*