Disneyဇာတ်ကောင်တွေနဲ့တူဖို့ ပေါင်တစ်သောင်းသုံးခဲ့တဲ့ကောင်မလေး

Sarah Ingle အမည်ရတဲ့ အသက်(25)နှစ်အရွယ် မိန်းမပျိုလေးဟာ Disney ဇာတ်ကားဖြစ်တဲ့ FrozenထဲမှElsa မင်းသမီးလေးအပြင် စနိုးဝှိုက်မင်းသမီးလေး တို့နဲ့ တူဖို့အတွက် ပေါင် (10000) ကျော် အထိ အကုန်အကျခံပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့ရသလို၊ သူမရဲ့ ချစ်စရာကောင်းတဲ့ သွင်ပြန်ဟန်ပန်တွေကြောင့် လူမှုကွန်ယက်နဲ့ သတင်းမီဒီယာတွေမှာ လူကြိုက်များခြင်း ခံနေရပါတယ်။

Sarah Ingle ဟာ ကျောင်းသူဘဝကတည်းကပင် Disney ဇာတ်ကားတွေကို သည်းကြီးမဲကြီး နှစ်ခြိုက်သူဖြစ်ပြီး စနှိုးဝှိုက်မင်းသမီးရဲ့ လှပမှုမျိုးကိုလည်း မက်မောတွယ်တာခဲ့သူလို့ သိရပါတယ်။ သူမ အရွယ်ရောက်တဲ့အခါမှာလည်း သူမရဲ့ မိဘနဲ့ သူငယ်ချင်းတွေက သူမရဲ့ အရုပ်ကလေးတစ်ရုပ်လို လှပတဲ့ အသွင်သဏ္ဍန်နဲ့ပတ်သက်ပြီး Frozen ဇာတ်ကားထဲမှာ Elsa မင်းသမီးလေးနဲ့တူကြောင်း ပြောဆိုခံခဲ့ရပါတယ်။

သို့သော် အခုနောက်ပိုင်းမှာတော့ Disney ဟာ သူရဲ့ဇာတ်ကောင်တွေကို တကယ့်နန်းတွင်း ဓလေ့ထုံးတမ်းအဝတ်အစားတွေအတိုင်း ပြင်ဆင်လာတဲ့အတွက်ကြောင့် Sarah Ingle ဟာ သူချစ်တဲ့ Elas နဲ့ SnowWhite မင်းသမီးလေးတွေနဲ့ တူဖို့အတွက် ဝတ်ဆုံ (17)စုံအထိ ချုပ်ခဲ့ပြီး ကုန်ကျစာရိတ်ကလည်း ပေါင် (10000)ကျော် အထိတောင် ရှိပြီး ဝတ်စုံတစ်စုံရဲ့ ပျမ်းမျှကုန်ကျစာရိတ်ဟာ ပေါင်(1500)လောက်အထိရှိတယ်လို့ သိရပါတယ်။

Sarah Ingle ဟာ ကုမ္မဏီတစ်ခုမှာ အရောင်းမန်နေဂျာတစ်ယောက်ဖြစ်ပြီး အခုလို ထင်ပေါ်လာတဲ့ နောက်ပိုင်းမှာတော့ ရုံးပိတ်ရက်များမှာ Disney ဇာတ်ကားထဲက မင်းသမီးလေးတွေလို ဝတ်စားပြီး ကလေးတွေပျော်ရွှင်စေဖို့ရည်ရွယ်ပြုလုပ်တဲ့ ဖျော်ဖြေရေးပွဲတွေကို တက်ရောက်ပေးနေတယ်လို့ သိရပါတယ်။ SarahIngle က “ ဝတ်စုံတွေကို ခြောက်လလောက် အချိန်ကုန်ခံပြီး ချုပ်ခဲ့ရပါတယ် … ကမ္ဘာ့အနှံ့အပြားကနေပိုးသားအစစ်တွေ၊ အခြား အစိတ်အပိုင်းတွေကို နောက်ဆုံး ဒီဇိုင်းတွေ မထွက်ခင်မှာ ရအောင် အကုန်မှာထားရတာပေါ့ … ” ဟု ရှင်းပြခဲ့ပါတယ်။

ထို့နောက် သူမက ဆက်လက်ပြီး “ ကျွန်မမှာ အချိန်ပြည့်အလုပ်ကလေး ရှိနေတာကလည်း အခုလို လှပတဲ့အဝတ်အစားလေးတွေ၊ စစ်မှန်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ဖို့အတွက် အတော်လေး အဆင်ပြေပါတယ် …နောက် ကျွန်မအနေနဲ့လည်း ဒီလို စစ်မှန်တဲ့ ကုန်ကြမ်းတွေကို သုံးထားလို့လည်း မင်းသမီးတစ်ယောက်ရဲ့အသွင်အပြင်မျိုးကို တကယ် ခံစားလို့ရပါတယ် … ”ဟု ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*