ရထားဘူတာနား မူးမေ့လဲကျသွားသူ အဘိုးတစ်ယောက်အား အချိန်မှီကယ်တင်နိုင်ခဲ့တဲ့ ကျောင်းသူလေး

တရုတ်နိုင်ငံ Jinzhou ၊ Liao ဒေသရှိ ရထားဘူတာတစ်ခုတွင် အဘိုးအိုတစ်ယောက် မူးမေ့လဲကျသွားချိန်ဆေးကျောင်းသူတစ်ယောက်ရဲ့ကယ်တင်မှုကြောင့် ကြည့်ရှုသူများရဲ့ချီးကျုးမှုကို အပြည့်ဝရရှိထားပါတယ်။

ကျောင်းသူလေး အမည်က Ding Hui လို့သိရပြီး Jinzhou ဆေးတက္ကသိုလ်က ဖြစ်ပါတယ်။ သူမအိမ်သို့ပြန်ဖို့ ရထားစောင့်နေချိန် ရုတ်တရက် အဘိုးအိုတစ်ယောက် လဲကျသွားခဲ့တာပါ။ အမည်မသိ အဘိုးအိုတစ်ယောက်ဟာ နှလုံးဖောက်ပြီး ရထားဘူတာက လူသွားစင်္ကြ ံလမ်းတစ်လျှောက်မှာ မူးမေ့လဲကျသွားတာပါ။

အသက် ၈၁နှစ် အဘိုးကို CPR သုံးပြီး ၁ဝမိနစ်အကြာမှာ ပြန်သတိရလာခဲ့ပါတယ်။ ” အသက်အန္တရာယ်ကျရောက်နေတဲ့ လူတွေကို ကယ်တင်ရမှာ ကျွန်မတို့ဆေးကျောင်းသူတွေရဲ့အလုပ်ပါ ” လို့ သူမက မီဒီယာတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။ အဘိုးအတွက် လိုအပ်တာတွေ လိုက်လုပ်ပေးရင်းသူမလည်း အိမ်ပြန်နောက်ကျခဲ့ရတယ်။

အဘိုးရဲ့သားဖြစ်သူက ကျောင်းသူလေးကို ကျေးဇူးတင်တဲ့အနေနဲ့ ယွမ် ၂ဝဝဝ(၂၉၅ ဒေါ်လာ) ပေးခဲ့ပါတယ်။ ” ဒီကျောင်းသူလေးသာ မရှိရင် ကျွန်တော့်အဖေ အသက်ရှင်ချင်မှ ရှင်တော့မှာ။ ပိုက်ဆံပေးတာကို သူမ လက်မခံပါဘူး။ အစပိုင်းက ကျွန်တော်တို့သူမကို ရှာလို့မရဘူး။ ဗီဒီယိုကို အင်တာနက်ပေါ်တင်လိုက်တော့မှ ရှာတွေ့တော့တယ်။ ”

Be the first to comment

Leave a Reply

Your email address will not be published.

*