ထိုင်ခုံလဲပေးဖို့တောင်းဆိုခဲ့ရာကနေ ထိုမိန်းကလေးရဲ့ကံကြမ္မာကိုပါပြောင်းလဲပေးနိုင်ခဲ့တဲ့အဖြစ်

Rosey Blair ဆိုတဲ့ အမေရိကန်သူလေးဟာ သူမရဲ့ချစ်သူနဲ့အတူထိုင်ခွင့်ရဖို့ နေရာလဲလှယ်ခဲ့ရာကနေ မြှားနတ်မယ်လေးဖြစ်သွားခဲ့တဲ့အကြောင်းကို တွစ်တာမှာပြန်ပြီးပြောပြထားခဲ့ပါတယ်။


သူမနဲ့ သူမရဲ့ချစ်သူက Dallas ကိုပြန်ဖို့ လေယာဉ်လက်မှတ်ဖြတ်ခဲ့ကြပေမဲ့ ကံမကောင်းစွာနဲ့သူတို့ထိုင်ခုံကအရှေ့နဲ့အနောက်ဖြစ်နေခဲ့ပါတယ်။အဲ့ဒါနဲ့ Rosey က တစ်ယောက်တည်းခရီးထွက်လာပုံရတဲ့မိန်းကလေးကို သူမနဲ့နေရာချင်းလဲပေးဖို့တောင်းဆိုခဲ့ပါတယ်။ထိုမိန်းကလေးကလည်း Rosey ကိုနားလည်စွာနဲ့နေရာချင်းလဲလှယ်ပေးခဲ့ပါတယ်။

 

ကံကြမ္မာအပြောင်းအလဲကို ဘယ်သူမှကြိုမမြင်နိုင်ခဲ့ဘူးဆိုသလို နေရာပြောင်းပေးခဲ့တဲ့မိန်းကလေးက သူမရဲ့ဘေးက အမျိုးသားနဲ့စကားတွေဖောင်ဖွဲ့ပြောဆိုတဲ့အထိရင်းနှီးသွားခဲ့ကြပါတယ်။Rosey ကလည်း ထိုနှစ်ယောက်စကားတွေပြောနေတာကိုကြားခဲ့ရလို့ သေချာနားထောင်ခဲ့ပြီး သူတို့နှစ်ယောက်ပြောသမျှစကားတွေကို တွစ်တာအကောင့်မှာရေးသားခဲ့ပြီး ပုံပြင်လေးသဖွယ်တင်ပေးခဲ့ပါတယ်။

သူတို့နှစ်ယောက်လုံးက Personal trainer တွေဖြစ်ကြပြီး နှစ်ယောက်လုံးက သတ်သတ်လွတ်စားသမားတွေပါတဲ့။တိုက်ဆိုင်လိုက်ပုံများ။နှစ်ယောက်လုံးမှာလက်ထပ်လက်စွပ်ဝတ်ဆင်ထားတာမတွေ့ရလို့ အိမ်ထောင်လည်းမရှိကြသေးဘူးလို့သတ်မှတ်ရမှာပါပဲတဲ့။Rosey က ထိုစုံတွဲလေးကို သေချာစောင့်ကြည့်နေခဲ့တာပါပဲ။မိန်းကလေးကလည်း လှပြီးယောကျာ်းလေးကလည်း ရုပ်ရည်ကြည့်ကောင်းဆွဲဆောင်မှုရှိတယ်လို့ပြောပြထားပါတယ်။Rosey တို့စုံတွဲကလည်း သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးဘယ်လိုဖြစ်လာမလဲဆိုတာစိတ်လှုပ်ရှားစွာစောင့်ကြည့်နေခဲ့ကြတာပါ။


အဲ့ဒီနောက် ထိုင်ခုံလဲလှယ်ပေးခဲ့တဲ့မိန်းကလေးက ထိုအမျိုးသားဆီက gym ကစားတာနဲ့ပတ်သက်လို့နည်းလမ်းလေးအချို့ကိုမေးမြန်းခဲ့ပါတယ်။အချိန်အတော်ကြာတဲ့အခါမှာတော့ ထိုနှစ်ယောက်က သူတို့မိသားစုပုံတွေကိုတောင်လဲလှယ်ပြသနေခဲ့ပါတယ်တဲ့။

Rosey ကလေယာဉ်မှာ တစ်နာရီဝိုင်ဖိုင်ဖရီးရခဲ့လို့ ဒီဇာတ်လမ်းလေးကိုတပြိုင်တည်းတင်ပေးနေတာဖြစ်သလို ဒီဇာတ်လမ်းကိုမြင်တဲ့ထောင်ပေါင်းများစွာသောတွစ်တာ user တွေက အဆုံးသတ်ကျဘယ်လိုဖြစ်မလဲဆိုတာ အတူတူစိတ်လှုပ်ရှားနေခဲ့ကြပါတယ်။တွစ်တာသုံးစွဲသူမိန်းကလေးတစ်ယောက်ဆို ဒီဇာတ်လမ်းကိုလွတ်သွားမှာစိုးလို့ ရေချိုးခန်းထဲကိုတောင်ဖုန်းယူသွားခဲ့ပါတယ်တဲ့။


အဲ့ဒီလိုနဲ့ အရှေ့ကစုံတွဲက သန့်စင်ခန်းကိုနှစ်ယောက်အတူထွက်သွားခဲ့ပြီး ပြန်လာတော့ တစ်ယောက်ကိုတစ်ယောက်ကူညီကာ ထိုင်ခုံနေရာတွေရှင်းလင်းပေးခဲ့ကြပါတယ်။ပြီးတော့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သက်လို့ ဘယ်လိုဖြစ်ချင်ကြတယ်ဆိုတာတွေအပြန်အလှန်ပြောခဲ့ကြပြီး ခဏတိတ်ဆိတ်သွားခဲ့ပါတယ်။

လေယာဉ်ဆင်းခါနီးအချိန်မှာပဲ တစ်ယောက်ရဲ့အင်စတာဂရမ် တစ်ယောက်မေးမြန်းခဲ့ပြီး လေယာဉ်လည်းဆင်းရော နှစ်ယောက်အတူတူထွက်ခွာသွားခဲ့ကြပါတယ်တဲ့။သူတို့ရဲ့အချစ်ရေးက စတင်နေပြီပေါ့ <3 တကယ်လို့သူမသာ နေရာလဲပေးဖို့ မတောင်းဆိုခဲ့ရင်…။


အိမ်ပြန်ရောက်တဲ့အချိန်မှာ Rosey က အင်စတာဂရမ်ကနေ ထိုစုံတွဲကို ရှာဖွေခဲ့သလို တွေ့လည်းတွေ့ခဲ့ပါတယ်။သူမထိုင်ခုံလဲလှယ်ခွင့်တောင်းခဲ့ရာကနေ လူနှစ်ယောက်ပျော်ရွှင်သွားကြတဲ့အဖြစ်ကြောင့် Rosey ကလည်းထိုစုံတွဲအစား ပျော်ရွှင်နေခဲ့တာပါ။သူမရဲ့တွစ်တာပိုစ့်လေးဆိုရင် လိုက်ခ်ပေါင်း ၉၀၀၀၀၀ ကျော်၊တွစ်ပေါင်း ၃၇၀၀၀၀ ကျော်၊ကောမန့်ပေါင်း ၁၁၀၀၀ ကျော်နဲ့နာမည်ကိုကြီးနေခဲ့ပါတော့တယ်။ကံကြမ္မာတို့၊ဖူးစာတို့ဆိုတာက ပုံသေတွက်ထားလို့မရဘူးဆိုတာပြလိုက်တာပါပဲ <3 ပုံလေးတွေအဆုံးထိကြည့်သွားပေးနော်…

 

Be the first to comment

Leave a Reply

Your email address will not be published.


*