အမေရိကန်ပြည်နယ်က ကြောက်မက်ဖွယ်ရာ Graffiti အဝေးပြေးလမ်းမကြီး

တကယ်တမ်းတော့ အဝေးပြေးလမ်းမတိုင်းဟာ ခြောက်ခြားစရာတွေချည်းပဲ။ ဘေးနားမှာ လယ်ကွင်းတွေ၊ တောင်တန်းတွေ၊ အုံ့ဆိုင်းဆိုင်းတောအုပ်ကြီးတွေနဲ့ တကယ်ကို ကြောက်စရာကြီးပါပဲ။ ဒီလို အဝေးပြေးလမ်းမကြီးတွေထဲက Graffiti လက်ရာတွေနဲ့ ပြည့်နေတဲ့ လမ်းကြီးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။


ဒီ Graffiti လမ်းမကြီးဟာ အမေရိကန်နိုင်ငံ၊ Pennsylvania ပြည်နယ်၊ Centralia မြို့အနားမှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ ဒီလမ်းမကြီးဟာ ၁၉၉၀ ခုနှစ်အစောပိုင်းကတည်းက တည်ရှိခဲ့တာဖြစ်ပြီး အရှည်ကတော့ တစ်မိုင်လောက်ပဲရှိတာပါ။


Centralia မြို့ရှိ ဒေသခံတွေ ပြောကြားချက်အရတော့ ဒီလမ်းမကြီးကို ၁၈၉၈ ခုနှစ်မှာ လမ်းဖောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး တစ်မိုင်ကျော်ဆောက်ပြီးတဲ့အချိန်မှာတော့ အကြောင်းကြောင်းကြောင့် ဆက်မဖောက်ဖြစ်တော့ပါဘူး။


အစပိုင်းမှာတော့ ဒီလမ်းမကြီးဟာ ထီးထီးတည်းရှိနေပေမယ့် နောက်ပိုင်းမှာတော့ ဘေးနားမှာရှိတဲ့ တောအုပ်ကြီးဆီက ချုံနွယ်ပိတ်ပေါင်းတွေ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပါတယ်။ အဲဒီနောက်ပိုင်း တောမီးကြီးတစ်ခုကြောင့် လမ်းမကြီးပေါ်က ချုံနွယ်တွေဟာရှင်းသွားခဲ့ပါတော့တယ်။


တောမီးလောင်ပြီးတဲ့နောက်ပိုင်းမှာတော့ ဒီလမ်းမကြီးကို Graffiti ဆွဲတဲ့လူတော်တော်များများက သဘောကျခဲ့ပြီး ဒီလမ်းမကြီးပေါ်မှာ Graffiti တွေ လာလာဆွဲရင်းနဲ့ တစ်မိုင်ကျော်ရှည်တဲ့လမ်းမကြီးမှာ Graffiti လက်ရာတွေ အပြည့်ဖြစ်သွားတာပါတဲ့လေ။

သာမန်ကတ္တရာလမ်းထက် ဒီလို ဆေးရောင်စုံနဲ့ graffiti တွေကြောင့်ပဲ လမ်းမကြီးရဲ့ ခံစားမှုဟာ စိတ္တဇဆန်ဆန်ခြောက်ခြားမှုမျိုးကို ပိုဖြစ်စေနေပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*