အအိပ်မက်သူတွေအတွက် အိပ်ယာဝတ်စုံ

အအိပ်မက်တဲ့ သူတွေအတွက် အိပ်ယာဝတ်စုံကို ဖန်တီးထုပ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ဝတ်စုံဟာ ကိုယ်သွားလေရာအလွယ်တကူ ဝတ်ဆင်သွားနိုင်ပြီး၊ ဘက်စ်ကား၊ မီးရထား-အစရှိတဲ့ ယာဉ်တွေကို စီးနင်းလိုက်ပါတဲ့အခါမှာလည်း အခြားသူတွေထက် သက်တောင့်သက်သာ ပိုရှိစွာနဲ့ အိပ်စက်နိုင်မှာ ဖြစ်ပါတယ်။ ယခုလို ညတာတိုတဲ့ နွေရာသီလိုမျိုးမှာ အိပ်ချိန်နည်းပါးသူတွေအတွက် Jurys Inn Hotel Group က အဲဒီအိပ်ယာဝတ်စုံကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အိပ်ယာဝတ်စုံဟာ အဖြူရောင်ချည်သားနဲ့ ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ ကြီးမာတဲ့ ကော်လံကြီးတွေကလည်း အိပ်ချင်တဲ့
အခါမှာ နှစ်ထပ်ခေါက်လိုက်တာနဲ့ အလန်သက်တောင့်သက်သာရှိတဲ့ ခေါင်းအုံးပုံစံ ဖြစ်သွားမှာပါ။ လူတစ်ယောက်အတွက်လည်းနေရာလွတ် အများကြီး ပိုမလိုတဲ့ အိပ်ယာဝတ်စုံဖြစ်ပါတယ်။ ခရီးသွားလူကြီးလူငယ်တွေအတွက်တော့ အလွန် သင့်တော်တဲ့ မျက်စိကျလောက်စရာ ဝတ်စုံဖြစ်ပါတယ်။ ဒါ့အပြင် ရုံးလုပ်ငန်းတွေအထိပါ လွှမ်းမိုးလာနိုင်တဲ့ ဝတ်စုံလို့ ယူဆနေကြပါတယ်။

ဒီဝတ်စုံကို အိပ်ယာစောစောထပြီး အလုပ်ခွင်ဝင်ရတဲ့ လူ 56% ကို သုတေသနပြုကာ Jurys Inn Hotel Group က တီထွင်ခဲ့တာဖြစ်ပါတယ်။ အိပ်ယာဝတ်စုံဟာ အိပ်ရေးပျက်မှု 42% ၊ အိပ်ယာဝတ်စုံပြင်ပ အပူချိန်40% ၊ နေ့ခင်းပိုင်းမှာ အလုပ်လုပ်ရတဲ့ ကြောက်ရွံ့မှု 31%ကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

လူပေါင်း 2500 ကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာလည်း 54% ဟာ အလုပ်ခွင်ကို စောစောစီးစီးဝင်ရောက်ရသူတွေ(အိပ်ရေးပျက်သူတွေ) ဖြစ်ပါတယ်။ ဒီရလာဒ်ကြောင့် Jurys က အိပ်ယာဝတ်စုံထုတ်လုပ်ကာ နာမည်ကျော်တွေကို ဝတ်စားဆင်ယင်စေပြီး ကြော်ငြာဖို့ စိတ်ကူးရခဲ့ပါတယ်။ ပထမဆုံး လာရောက်ဆက်သွယ်သူက နာမည်ကြီးဒီဇိုင်နာ Wendy Benstead ဖြစ်ပြီး ပုံမကျပန်းမကျဝတ်စုံဒီဇိုင်းကို တီထွင်ခဲ့ပေမယ့် ပြင်ပမှာတော့ တကယ့်ကို Professional ကျပါတယ်၊ဒါ့အပြင် ဆန့်ကျင်ဘက်လိင်ကိုလည်း တမူထူးခြားတဲ့ သွင်ပြင်နဲ့ စွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီဝတ်စုံဟာ အိပ်မက်တွေနဲ့ နေထိုင်ခြင်းလို့တောင် တင်စားခြင်း ခံရပါတယ်။

အိပ်ယာဝတ်စုံ ဈေးကွက်အရောင်းမြှင့်တင်ရေး ခေါင်းဆောင် Suzanne Cannon က ” ကျွန်တော်တို့က ဒီဝတ်စုံကို အကန့်အသတ်နဲ့သာ ထုပ်လုပ်သွားမှာဖြစ်ပြီး လုံလောက်တဲ့ ကမ်းလှမ်းမှုတွေကိုလည်း ရရှိထားပါပြီ … ဒီဝတ်စုံနဲ့ပတ်သက်ပြီး သဘောမကျတဲ့အချက်တွေ၊ အသံတွေကို ပြန်နားထောင်ပြီး နောက်ပိုင်းကာလမှ တိုးမြှင့်ထုတ်လုပ်သင့်မသင့် ဆုံးဖြတ်သွားမှာပါ ” လို့ ပြောဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*