တိုက်တန်းနစ် သင်္ဘော နစ်မြုပ်ခြင်းဟာ ရေခဲကျွန်းမြောကြောင့် အဓိကမဟုတ်ဟုဆို

ကမ္ဘာကျော် တိုက်တန်းနစ် သင်္ဘော နစ်မြုပ်မှုဟာ သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံးရေကြောင်းမတော်တဆမှုအဖြစ် လူသိများကြပါတယ်။ ပင်လယ်ထဲမှာ ရေခဲကျွန်းမြောတစ်ခုကို ဝင်တိုက်မိခဲ့ခြင်းကြောင့် ခရီးသည် (၁၅၀၀)ကျော်အသက်ဆုံးရှုံးခဲ့ရရှာတဲ့ ဒီဖြစ်ရပ်ဆိုးကြီး၏ အကြောင်းကို ပြန်လည်ရိုက်ကူးခဲ့တဲ့ ကိတ်ဝင်းစလက်နဲ့လီယိုနာဒိုတို့ သရုပ်ဆောင်တဲ့ တိုက်တန်းနစ် ရုပ်ရှင်ဟာလည်း ကမ္ဘာမှာသာမက

မြန်မာပရိတ်သတ်တွေရဲ့ ရင်ထဲထိအောင် ဝင်ရောက်နိုင်ခဲ့ပါတယ်။ သတင်းတွေ၊ ရုပ်ရှင်တွေ၊ စာအုပ်တွေ အမြောက်အများထွက်ရှိခဲ့ပြီး အားလုံးက သိထားခဲ့တာတော့ “တိုက်တန်းနစ်သဘောၤကို ဘယ်တော့မှ မမြုပ်နိုင်တဲ့သင်္ဘောတစ်စင်း…..ပင်လယ်ထဲက ရေခဲကျွန်းမြောနဲ့ တိုက်မိပြီး မြုပ်သွားခဲ့တယ်” လို့ လက်ခံယုံကြည်လာခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိလေ့လာနေဆဲ ပညာရှင်တွေက ရေခဲကျွန်းမြောက တိုက်တန်းနစ်သင်္ဘောမြုပ်ရခြင်းရဲ့ အဓိကတရားခံမဟုတ်နိုင်ဘူးလို့ ပြောလိုက်ပါတယ်။၁၉၁၂ ခုနှစ် ဧပြီလမှာ ထိုအချိန်က အကြီးဆုံးဖြစ်ခဲ့တဲ့ ခရီးသည်တင်သင်္ဘောကြီး ဆောက်သမ်တန်မြို့မှ နယူးယောက်ကို ထွက်ခွာလာခဲ့ရာမှ ဘယ်တော့မှ မမြုပ်နိုင်ဘူးလို့ ကြုံးဝါးခဲ့တဲ့ သင်္ဘောကြီး ပထမဆုံး ခရီးမှာတင် ပျက်ဆီးနစ်မြုပ်သွားခဲ့ပါတယ်။

သင်္ဘောနစ်မြုပ်မှုနဲ့ ပက်သက်ပြီး တွေ့ရှိချက်အသစ်ကတော့ တိုက်တန်းနစ်ဟာ ဆောက်သမ်တန်မြို့က မခွာခင်ကတည်းက သင်္ဘောကိုယ်ထည်ပိုင်းမှာ မီးလောင်ထားတဲ့ အနေအထားတွေ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

သင်္ဘောကြီး Belfast မြို့က သင်္ဘောကျင်းမှာရှိနေစဉ်က သင်္ဘောအင်ဂျင်နီယာတွေ ရိုက်ကူးထားတဲ့ ရှားပါးဓာတ်ပုံတွေကို ပြန်လည်လေ့လာရာမှ ရေခဲကျွန်းမြောနဲ့ တိုက်မိခဲ့တဲ့ သင်္ဘောကိုယ်ထည်နေရာရဲ့ အနောက်နားမှာ မီးကျွမ်းထားဟန်ရှိတဲ့ အမည်းရောင်တန်းကြီးက ပေ၃၀ လောက်ရှိနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့က ဒီသင်္ဘောကိုယ်ထည်ရဲ့ ဘယ်နေရာကို အတိအကျတိုက်မိခဲ့တာလည်းဆိုပြီး ပြန်လေ့လာတာပေါ့….။ အဲဒီမှာပဲ သင်္ဘောက ဒီကထွက်မသွားခင် သဘောၤကျင်းမှာကတည်းက အခုတိုက်မိမယ့် နေရာတဝိုက်မှာ ချို့ယွင်းချက်တွေရှိနေခဲ့တာ တွေ့ခဲ့ရပါတယ်” လို့ ဒီသင်္ဘောအကြောင်းကို လေ့လာနေတာ နှစ်(၃၀)လောက်ရှိပြီဖြစ်တဲ့ ပညာရှင်က ပြောကြားခဲ့ပါတယ်။

ဒီအမည်းရောင်အတန်းကြီးက သဘောၤရဲ့ ဘွိုင်လာခန်းတစ်ခုမှာ မီးလောင်ရာမှ ဖြစ်ပေါ်ခဲ့တာဖြစ်နိုင်တယ်လို့လည်း ထိုပုဂ္ဂိုလ် ကပြောပါတယ်။

ဒီသဲလွန်စတွေကို အရင်ကဘယ်သူမှ သတိမထားမိခဲ့တာကြောင့် အခုတွေ့ရှိချက်ဟာ ကျွန်တော်တို့ သိနေတဲ့ တိုက်တန်းနစ်ဇာတ်လမ်းကို ပြောင်းလဲသွားစေမှာဖြစ်ပါတယ်။ သတ္တုပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကတော့ စတီးဖရိန်တွေဟာ အပူချိန်တစ်ခုကိုရောက်တဲ့အခါမှာ ကျွတ်ဆတ်လာပြီး သူ့ရဲ့ ခံနိုင်ရည်အားဟာ ၇၅ရာခိုင်နှုန်းထိလျော့နည်းသွားပြီး ကျိုးပဲ့လွယ်သွားတယ်လို့ ဆိုကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*