လူတော်တော်များများ ဝက်အူချောင်းတွေကို မှားယွင်းသောပုံစံဖြင့် စီမံစားသုံးနေဟုဆို

ဝက်အူချောင်း၊ ကြက်အူချောင်းတို့ဟာ မနက်ခင်းပိုင်း အစာပြေစားသောက်ရာမှာ အလွန်အသုံးဝင်တဲ့ ဖြည့်စွက် အစားအစာတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် တော်တော်များများဟာ ဝက်အူချောင်းစသည်တို့ကို စားကာနီးသောက်ကာနီး ကပ်ပြီးမှ အရေးပေါ် ဆီပူထိုးကာ ကြော်ခြင်း၊ မီးကင်ခြင်း စတာတွေကို ပြုလုပ်ကြပါတယ်။ ဒါကို မှားယွင်းတဲ့ စနစ်လို့ TheWhyChef.com က ဆိုထားပါတယ်။


ဒါပေမယ့် အဲဒီစနစ်ဟာ အပြည့်အ၀ မှားယွင်းတာမျိုးတော့ မဟုတ်ပါဘူးတဲ့။ မည်သူပဲဖြစ်ဖြစ် ဝက်အူချောင်း စသည်တို့ကို စားသောက်ဖို့ရန်အတွက်တော့ ကြော်ခြင်း၊ ချက်ခြင်း၊ ကင်ခြင်းကို မလွဲမသွေပြုလုပ်ရမှာပါဘဲ။ ဒါပေမယ့် မှန်ကန်တဲ့ နည်းစနစ်ကို ညွှန်ပြပါဆိုလျှင်တော့ အဆိုပါ ဝက်အူချောင်း ကြက်အူကြောင်းတွေကို မီးအေးအေးလေးနဲ့ မိနစ် 30 ခန့်အထိ အချိန်ယူပြီး ချက်ပြုတ် ကြော်လှော်သင့်တယ်လို့ TheWhyChef.com က ဖော်ပြထားပါတယ်။


ဒီလို ကြော်လှော်ချက်ပြုတ်ရမှာ ဝက်အူချောင်းတွေကို ဆားမပါတဲ့ ထောပတ်ဆီကိုသာ အသုံးပြုသင့်ပြီး၊ မိနစ် 30 အတွင်းမှာ တစ်ဖက်ပြီးတစ်ဖက် နှံ့စပ်အောင်လှည့်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ဝက်အူချောင်းတွေရဲ့ အရသာနဲ့ အနံ့အသက်ကို ပိုမိုဖြည့်စွမ်းပေးရာ ရောက်စေတယ်လို့ ယင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။


အဆိုပါ ဝက်ဘ်ဆိုဒ်မှာ ဝက်အူချောင်းတွေကို မြန်မြန်ကျက်စေဖို့ ချက်ပြုတ်ခြင်းဟာ ဘေးအသားတွေကို မီးတူးစေပြီး၊ မလိုအပ်ပဲ အရသာကို ဆုံးရှုံးစေကြောင်း၊ ပျက်ဆီးလေလွင့်မှုနဲ့ အနံ့အသက်ကိုလည်း ထိခိုက်စေကြောင်း ဖော်ပြထားတာ ကို တွေ့ရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*