ရေကန်ဘေးမှာ အိပ်စက်နေတဲ့ မျက်မမြင်အဘွားအိုကို စောင့်ရှောက်ပေးနေခဲ့တဲ့ လမ်းဘေးခွေးလေး 2ကောင်

ခွေးတွေဟာ သူတို့ကိုအစာကျွေးမွေးခဲ့ဖူးတဲ့ ကျေးဇူးရှင်တွေကို လုံးဝမမေ့ဘဲ သစ္စာရှိရှိကာကွယ်ပေးတတ်တဲ့ တိရစ္ဆာန်လေးတွေပါ ။ ဒီတစ်ခေါက် social media ပေါ်မှာ အတော်လေးရေပန်းစားနေတဲ့ အဖြစ်အပျက်လေးတစ်ခုဟာလည်း လူအများရဲ့ရင်ထဲကို ခံစားသွားစေခဲ့ပါတယ် ။

ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ရေကန်ဘေးလေးတစ်ခုဘေးမှာ ခွေးလေးနှစ်ကောင်ဟာ အချိန်အတော်ကြာထိုင်စောင့်နေခဲ့တာကို တွေ့ရှိရမှာပါ ။ ခွေးလေးတွေ ဘာလုပ်နေတာလဲဆိုပြီး အနီးကပ်ကြည့်ရှုလိုက်တဲ့ချိန်မှာတော့ အဆိုပါရေကန်ဘေးမှာ အဘွားအိုတစ်ယောက်ဟာ အိပ်မောကျနေခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။

အဆိုပါ ဓာတ်ပုံတွေကို social media ပေါ်မှာ ဝေမျှပေးခဲ့သူရဲ့ ပြောပြချက်အရ အဘွားအိုဟာ အမှန်တကယ်တော့ အိုးမဲ့အိမ်မဲ့နေထိုင်နေရသူဖြစ်တဲ့အပြင် မျက်မမြင်အဘွားအို တစ်ယောက်လည်းဖြစ်နေခဲ့ပြီး ၊ သူမဟာ အဆိုပါလမ်းဘေးခွေးနှစ်ကောင်ကို ဂရုစိုက်ပြီး အစားအစာများကျွေးမွေးခဲ့လို့ ခွေးလေးတွေက အဘွားအိုနောက်ကို တကောက်ကောက်လိုက်နေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ အမှန်တကယ်တော့ ခွေးလေးတွေဟာ အဘွားအို အိပ်နေစဉ် တကယ့်အုပ်ထိန်းသူတွေလို အဘွားအိုကို ကာကွယ်ပေးနေခဲ့တာဖြစ်ပါတယ် ။

ဒါကြောင့် ရှေးလူကြီးတွေပြောနေကြစကားအတိုင်း ခွေးလေးတွေဟာ လူတွေရဲ့တကယ့်မိတ်ဆွေအရင်း တွေပဲဆိုပြီး အခုဖော်ပြတဲ့ ခွေးလေးတွေက သက်သေပြလိုက်တာပါပဲ ။

Be the first to comment

Leave a Reply

Your email address will not be published.


*