သာမာန်ထက်ထူးခြားနေတဲ့ Miss ပြိုင်ပွဲတစ်ခုကြောင့် အပြင်းအထန်ဒဏ်ရာရရှိသွားတဲ့ အလှမယ်

မက္ကဆီကိုနိုင်ငံက မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်မော်ဒယ်တစ်ဦး ဟာလျောက်လမ်း လမ်းလျှောက်စဉ် မတော်တဆမှုဖြစ်တာကြောင့် အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲဟာ သာမာန်ပြိုင်ပွဲတွေလိုမဟုတ်ပဲ လက်ဝှေ့ထိုးတဲ့ သဲအိတ်တွေ ဝေ့ဝဲနေတဲ့ စတိတ်စင်ပေါ်မှာ အလှပြ လမ်းလျှောက်ရတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။အသက် ၂၅ နှစ်အရွယ် အလှမယ် မာသာ ဘရိုင်ယန်နိုဟာ ညနေခင်းပွဲတက်ဂါဝန်ရှည်နဲ့ ဒေါက်ဖိနပ်အမြင့်ကို စီးထားခဲ့တာဖြစ်ပြီး စင်ပေါ်မှာ အလှ ဆင်ထားတဲ့ သဲအိတ်တွေကြား လမ်းလျှောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

သူမကတော့ ကံမကောင်းစွာဘပဲ ဝေ့ဝဲလာတဲ့ သဲအိတ်တွေကို မရှောင်နိုင်ဖြစ်ခဲ့ကာ သူမရဲ့ ဦးခေါင်းကို ရိုက်မိခဲ့ တာကြောင့် စင်ပေါ်မှာ လဲပြိုကျသွားခဲ့ရပါတယ်။ ခုလိုမတော်တဆ ဖြစ်ခဲ့ရတဲ့အတွက် သူ့ရဲ့ဦးခေါင်းလည်း ထိခို က်သွားခဲ့ကာ အရေးပေါ် ဆေးဝါးကုသမှုတွေ ဆက်လက်ခံယူရတော့မှာ ဖြစ်ပါတယ်။အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သတ် ပြီးတော့ ပွဲစီစဉ်သူတွေက အသေးစိတ်အခြေအနေတွေကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူးပဲ ဖြစ်ပါတယ်။

သူဟာ ဗီရာခရုဇ်ပြည်နယ် ကိုယ်စားပြု အလှမယ်တဦးအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲမှာ အနိုင်ရသူဟာ မက္ကဆီကိုနိုင်ငံကိုယ်စားပြု ၂၀၁၈ ခုနှစ် မယ်စကြဝဠာ အလှမယ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာတော့ ဝေဖန်မှုတွေ အရမ်းကို မြင့်တက် နေပါ တယ်။ အလှမယ်အနေနဲ့ မလိုအပ်တဲ့ စွန့်စားမှုတခုကို လုပ်လိုက်ရသလိုဖြစ်ခဲ့ပြီး ရိုးရှင်းတဲ့ စတိတ်စင် အပြင်အ ဆင်အစား ဘာလို့ ခုလိုလုပ်ထားခဲ့ရတယ် ဆိုတာကိုလည်း တာဝန်ရှိသူတွေကို မေးခွန်းထုတ်နေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*