ဆန္ဒကို သိက္ခာနဲ့မထိန်းနိုင်တဲ့ လူတစ်ယောက်ရဲ့အတင့်ရဲမှုကို စီစီတီဗီ မှတ်တမ်းမှာ အမိအရဖမ်းမိခဲ့

နယူးယော့က Queens မြို့နယ်တွင် ပြီးခဲ့တဲ့ တနင်္လာနေ့က အကျီ ၤဆိုင်တစ်ခုမှာ ဈေးဝယ်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စကတ်အောက်ကို ဖုန်းနဲ့ဗီဒီယိုလှမ်းရိုက်ခဲ့တဲ့ ယောကျ်ားတစ်ယောက်ကို စီစီတီဗီ မှတ်တမ်းမှာဖမ်းမိခဲ့ပါတယ်။

မိန်းကလေးက အသက် ၂၆နှစ် Edjelyn Gamboa ဖြစ်ပါတယ်။ သူမအနောက်ကနေ လူတစ်ယောက် ရဲ့အပြုမူက ပုံမှန်မဟုတ်လို့ လှည့်ကြည့်မိရာမှာ သူမထင်ထားတဲ့အတိုင်း ဖုန်းကိုအလျင်မြန်ဖွက်လိုက်တာတွေ့ရပါတယ်။

” ကျွန်မကို မလေးစားလုပ်သလို ခံစားရတယ်” လို့ သူမကပြောခဲ့ပါတယ်။

” အနောက်ကနေ အသားကိုပွတ်သလို လာလုပ်လို့ ကြည့်လိုက်တာ ချက်ချင်းအရှေ့ကို လှည့်သွားတယ်။ဒါပေမယ့် လက်မှာကိုင်ထားတဲ့ဖုန်းက flash ပွင့်နေတယ် ။ သူ့ပုံစံကလည်း ထူးဆန်းနေတော့ ကျွန်မချက်ချင်း ရိပ်မိပါတယ်။ ကျွန်မ အစ်မနဲ့ ကျွန်မ သူ့ကို ရင်ဆိုင်ပြီးမေးတော့ သူမလုပ်ဘူးတဲ့ အတင်းငြင်းတယ်။ ဒါဆို စီစီတီဗီကို စစ်လိုက်မယ်ပြောတော့ လှေကားကနေ ဆင်းပြေးသွားတယ် ”

ထိုလူတကယ် စည်းမစောင့်ပဲ မိန်းကလေးတစ်ယောက်အပေါ် မလေးစားတဲ့အပြုမူကျူးလွန်ခဲ့တယ်ဆိုတာစီစီတီဗီထဲမှာ အတိုင်းသားမြင်တွေ့နေရပါတယ်။

အဲ့ဒီ ဗီဒီယိုကိုယူပြီး Edjelyn က သူမရဲ့ဖေ့စ်ဘုတ်မှာတင်ခဲ့ပါတယ်။ ဒီလူဘယ်သူလဲဆိုတာ ရှာဖွေနိုင်အောင်လို့ပါ။ ရဲကိုလည်း ထိုကိစ္စအတွက် တိုင်ကြားပြီးပြီဖြစ်ပါတယ်။
မိန်းကလေးဘက်က မရပ်တည်ပေးတဲ့အတွက် အပြစ်တင်တဲ့သူတွေကလည်း ရှိပါသေးတယ်။ ဒီလောက်တိုတဲ့ စကတ်ဝတ်ထားတော့ အရိုက်ခံရမှာပေါ့ ဆိုပြီး သူတို့ဆီမှာလည်း ထင်ရာ ဝေဖန်တတ်တဲ့သူတွေ ရှိနေပါတယ်။ မိန်းကလေးတွေ ဝတ်ချင်ရာ ဝတ်တာက သူတို့စော်ကားလွယ်အောင် အခွင့်ရေးပေးထားတာမဟုတ်ဘူးလို့ အပြန်လှန်ငြင်းဆိုနေတဲ့ ဝေဖန်မှုတွေလည်း တွေ့ရပါတယ်။ စာဖတ်သူတို့ရော.. ဘယ်လိုမြင်လဲ ?

 

Be the first to comment

Leave a Reply

Your email address will not be published.


*