
လူအများစုဟာ လေယာဉ်မယ်တွေရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီး မှားယွင်းစွာယူဆကြပါတယ်။ Sandra Jennie Kwon ဆိုသူအမျိုးသမီးကတော့ လူတွေက အပေါ်ယံကျော့ကျော့လေးလို့ထင်ရတဲ့ လေယာဉ်ဝန်ထမ်းအလုပ်ဟာ လက်တွေ့မှာ မလွယ်တဲ့အကြောင်းပြောပြခဲ့တာပါ။ “လူတွေက လေယာဉ်မယ်အလုပ်ဆိုတာ အရမ်းကောင်းတယ်။ အလုပ်ခွင်ထဲမှာ သူတို့လုပ်ရတာက ခရီးသည်တွေကို နှုတ်ဆက်ဖို့၊ အစားအသောက်ဝန်ဆောင်မှုပေးဖို့လောက်ပဲလို့ ထင်ကြတယ်။ ကျွန်မလည်း အရင်တုန်းက ဒီလိုပဲထင်ခဲ့တာပါ။ ကျွန်မ လေယာဉ်မယ်အဖြစ် အလုပ်မလုပ်ခင်ကပေါ့။” လို့ Kwon က ပြောပြခဲ့ပါတယ်။
ကံမကောင်းတာက ဒီအလုပ်ဟာ အမြဲတမ်းပျော်စရာကြီးပဲတော့ မဟုတ်ပါဘူး။ Kwon ဟာ ဒူဘိုင်းအခြေစိုက်ဖြစ်တဲ့ Emirates Airlines မှာ လေယာဉ်မယ်အဖြစ် ၂နှစ်ခွဲကြာအလုပ်လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း သူမရဲ့စီးပွားရေးပညာအထူးပြုဘွဲ့အတွက် ကျောင်းဆက်တက်ဖို့ လေယာဉ်မယ်အလုပ်ကနေထွက်လာခဲ့တာ အခုဆို ၁၀နှစ်တောင်ရှိနေပါပြီ။
https://www.tiktok.com/@jeenie.weenie/video/6851017851646627077
Kwon က ဒီဇင်ဘာ၂၀၁၉ ခုနှစ်မှာ သူများတွေလို TikTok ဆော့ချင်တဲ့အတွက် app ကိုဒေါင်းခဲ့တာပါ။ ၂၀၂၀ခုနှစ်မှာတော့ အားလုံးက quarantine ဝင်နေကြတာဖြစ်တဲ့အတွက် ပျင်းပျင်းရှိတာနဲ့ TikTok ထဲ သူမဆော့ချင်တဲ့အကြောင်းအရာကို စဉ်းစားခဲ့ရာကနေ အရင်အလုပ်ဟောင်းဖြစ်တဲ့ လေယာဉ်မယ်ဘဝအကြောင်းကို ဗီဒီယိုရိုက်တင်ဖို့ စိတ်ကူးရခဲ့တာပါ။
https://www.tiktok.com/@jeenie.weenie/video/6895458616522886401
https://www.tiktok.com/@jeenie.weenie/video/6884373772833492225
အခုဆိုရင် Kwon သို့မဟုတ် @jennie.weenie ဟာ TikTok မှာ follower ၃.၇သန်းတောင်ရှိနေပါပြီ။ သူမဟာ TikTok မှာတော့ လေယာဉ်အမှုထမ်းတစ်ယောက်ရဲ့ဘဝနဲ့ ခရီးသွားသူတွေအတွက် အသုံးဝင်မယ့် travel tips တွေကို မျှဝေနေတာဖြစ်ပါတယ်။ သူမရဲ့ “Travel Tips you might not know about” စီးရီးမှာတော့ အမေရိကန်နိုင်ငံအတွင်း ခရီးသွားလာသူတွေအနေနဲ့ overbooking ကြောင့် လေယာဉ်ကနေအတင်းထားခဲ့ခံရရင် လေကြောင်းလိုင်းဘောင်ချာကို ဘယ်တော့မှ လက်မခံဖို့ပြောထားပါတယ်။
https://www.tiktok.com/@jeenie.weenie/video/6886537521048603905
“လေယာဉ်ခုံမလောက်တော့လို့ ရှင်ထားခဲ့ခံရရင် လေကြောင်းလိုင်းက ရှင့်ကိုနောက်ထပ်လေယာဉ်တစ်စီးရှာပေးဖို့ လိုရုံတင်မကဘူး။ ကြန့်ကြာချိန်ပေါ်မူတည်ပြီး ရှင့်ကို သူတို့က ငွေပြန်အမ်းပေးရမယ်။” စသဖြင့် ခရီးသည်ရဲ့ရပိုင်ခွင့်အကြောင်း ရှင်းပြထားခဲ့ရာ ဒီဗီဒီယိုဟာ အကြိမ်ပေါင်း ၆.၈သန်းကြည့်ရှုခံရပါတယ်။ အောက်ဘက်မှာတော့ လေယာဉ်မယ်အဖြစ် အလုပ်မလုပ်တော့မယ့် သူမ လေယာဉ်မယ်ဘဝတုန်းက အတွေ့အကြုံတွေကို TikTok ထဲ မျှဝေနေတဲ့ Kwon ရဲ့ ဗီဒီယိုတွေကိုတော့ yahoo သတင်းစာမျက်နှာကတဆင့် တွေ့နိုင်ပါတယ်။
Leave a Reply