ကြက်သွန်ဖြူထုပ်ကို ခိုးယူထားပါတယ်လို့ စွပ်စွဲခံရတဲ့အမေအတွက် မခံရပ်နိုင်ဖြစ်ရတဲ့ သားတစ်ယောက်ရဲ့ရင်တွင်းစကားသံ

Duluth, Georgia က စူပါမားကတ်တစ်ခုတွင် ကြက်သွန်ဖြူထုတ် ခိုးတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြဿနာဖြစ်ခဲ့တာက ဒီလိုပါ။ Jimmy Tran တို့ သားအမိဟာ Great Wall စူပါမားကတ်ရဲ့ပုံမှန်ဈေးဝယ်နေကျ ဖောက်သည်တွေဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ဈေးသွားဝယ်နေတုန်း ရုတ်တရက် ရဲတွေရောက်လာတယ်။Jimmy ရဲ့အမေဟာ ကြက်သွန်ဖြူထုတ် ခိုးလို့ဆိုပြီး မန်နေဂျာက ရဲတိုင်ခဲ့တာဖြစ်ပါတယ်။


Jimmy ရဲ့အမေက ကြက်သွန်ဖြူကိုယူပြီး ကြည့်လိုက်တော့ သိပ်မလတ်ဘူးထင်လို့ နောက်ထပ်တစ်ထုတ်နဲ့လဲပြီး ခြင်းထဲထည့်ခဲ့တာဖြစ်ပါတယ်။ မန်နေဂျာဘက်က နားလည်မှုလွဲပြီး ရဲကိုတိုင်ကြားခဲ့ပါတယ်။ Jimmy က ဒီကိစ္စကို ပြေလည်ဖြေရှင်းကြမယ် ပြောပေမယ့် မန်နေဂျာဘက်က ကိစ္စကိုထပ်ကြီးအောင်လုပ်ပါတယ်။ သူ့အမေကို ဒီဆိုင်မှာ ပစ္စည်းတွေဝယ်ခွင့်မရှိတော့ကြောင်း လူရှေ့သူရှေ့မှာ အရှက်ခွဲတယ်တဲ့။

”ပုံမှန်ဝယ်နေတဲ့ ဖောက်သည်တွေအပေါ် ဒီလိုဆက်ဆံတဲ့ မန်နေဂျာမျိုး ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး။ မန်နေဂျာကို ကျွန်တော်ပြောတယ်.. ညှိနှိုင်းရအောင်လို့ အဲ့ဒါကို ရဲခေါ်ပြီး အမေ့ကို အရှက်ခွဲတယ်။ သူတို့လုပ်ရပ်အတွက် အမေ့ကို ပြန်တောင်းပန်တာ ကျွန်တော်လိုချင်တယ် ” လို့ Jimmy က ဗီဒီယိုထဲမှာ ပြောထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*