
လေယာဉ်ကိုအခုမှ ပထမဆုံးစီးဖူးသူအမျိုးသမီးတစ်ယောက်ဟာ အိမ်သာကိုရှာဖွေရင်း အရေးပေါ်တံခါးကို မှားပြီးဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ရယ်ချင်စရာကောင်းသလို ကြောက်စရာလည်း အရမ်းကောင်းပါတယ်။
အမည်မဖော်လိုသူ ထိုခရီးသည်ဟာ အရင်က လေယာဉ်တစ်ခါမှမစီးဖူးခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ China Southern Airlinesမှာ သောကြာနေ့ ၂၅ရက်နေ့က ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ လေယာဉ်မြေကြီးပေါ်မှာပဲ ရှိနေတုန်းဖြစ်ပျက်ခဲ့လို့ လေယာဉ်ဝန်ထမ်းတွေက လေယာဉ်ထဲကခရီးသည်တွေကို အခြားလေယာဉ်ဆီကို ပြေင်းရွှေ့ပြီးတံခါးပေါက်ကို ပြန်လည်စီစစ်ခဲ့ရပါတယ်။
ရှက်နေတဲ့ ထိုခရီးသည်ကတော့ ဒါဟာ သူ့ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ပြီးတော့ အိမ်သာကအရမ်းဝေးနေတာကလည်း ဒီတံခါးကိုဖွင့်မိစေခဲ့တယ်လို့ဆိုပါတယ်။ ဒီအဖြစ်အပျက်အပြီးမှာသူမကိုလေဆိပ်ဝန်ထမ်းတွေကခေတ္တထိန်းသိမ်းထားခဲ့ပါတယ်။ ၂၀၁၄တုန်းကလည်း ခရီးသည်တစ်ယောက်ဟာ လေရှုချင်လို့ဆိုပြီး အရေးပေါ်ထွက်ပေါက်ကို ဖွင့်တဲ့အဖြစ်အပျက် ဖြစ်ခဲ့ပါသေးတယ်။ လေယာဉ်ကြီး အမြင့်ရောက်နေမှ လုပ်ရင်တော့ မလွယ်လောက်ဘူးနော်။
Leave a Reply