ယာဉ်မောင်းလိုင်စင်အောင်ပြီး 10 မိနစ်အကြာ ကားကိုမြစ်ချောင်ထဲမောင်းချမိခဲ့တဲ့ အမျိုးသား (ရုပ်သံ)

တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ဟာ ယာဉ်မောင်းလိုင်စင်စာမေးပွဲအောင်ပြီးနောက် သူ့ရဲ့ကားကိုစမ်းပြီးမောင်းဖို့ဆိုပြီးထွက်လာခဲ့ပါတယ် ။ သို့ပေမဲ့လည်း ယာဉ်မောင်းလိုင်စင်ရပြီး 10 မိနစ်အကြာမှာပဲ သူ့ရဲ့ပျော်ရွှင်မှုဟာ ရပ်တန့်သွားခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ကားကို မြစ်ချောင်းထဲသို့မောင်းချခဲ့မိလို့ပါပဲ ။

ဖြစ်စဉ်ကတော့ Zhang အမည်ရှိတဲ့ အဆိုပါအမျိုးသားကို သူ၏သူငယ်ချင်းများက ယာဉ်မောင်းစာမေးပွဲအောင်လို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖုန်းကနေ message များပေးပို့ခဲ့ကြပြီး Zhaung ကလည်း ကားမောင်းနေရင်း အဆိုပါ message များကိုဖတ်ဖို့ကြိုးစားခဲ့သောသောကြောင့် ဖြစ်ပါတယ် ။ နောက်မှ အရှေ့သို့လှမ်းကြည့်လိုက်ချိန်မှာတော့ လမ်းသွားလမ်းလာ လူနှစ်ဦးကိုတွေ့ရှိခဲ့ပြီး တိုက်မိမှာဆိုးလို့ဆိုပြီး သူ၏ကားကိုမြစ်ချောင်းထဲသို့ ကွေ့ဆင်းပစ်ခဲ့မိပါတော့တယ် ။

” ကျွန်တော်ကားမောင်းနေတုန်း ၊ ဖုန်းကိုလှမ်းယူပြီး message ဖတ်ဖို့လုပ်နေရင်းကနေ တံတားပေါ်မှာ ကျွန်တော့်ရဲ့ရှေ့လူနှစ်ယောက်ရှိနေတာကို တွေ့မိပြီး အတော်လေးလန့်သွားခဲ့လို့ ကားကိုဘယ်ဖက်ရုတ်တရက်ကွေ့ချပစ်ခဲ့မိတာပါ ” ဆိုပြီး သူ့ရဲ့အဖြစ်ကိုဖြေကြားခဲ့ပါတယ် ။

ကံကောင်းတာကတော့ Zhang ကား ကားရေးထဲသို့မနစ်မြုပ်မှီ လွတ်မြောက်သွားခဲ့ပြီး ၊ မျက်မြင်သက်သေဖြစ်ခဲ့ကြတဲ့ ဒေသခံတွေကလည်း သူ့အား အဝတ်များလဲဝတ်စေကာ ၊ အကူအညီရအောင် ရဲအရာရှိတွေဆီဆက်သွယ်အကြောင်းကြားပေးခဲ့ကြလို့ပါပဲ ။ ကံဆိုးတာကတော့ Zhang ရဲ့အဖြစ်အပျက်ကို Zunyi မြို့ရဲ့ CCTV မှ video ရိုက်ယူထားနိုင်ခဲ့လို့ မည်သို့ပင်ဖြစ်စေကာမှု တရာစွဲဆိုခြင်းခံရနိုင်ပြီး ၊ ဒဏ်ကြေးငွေလည်း ပေးဆောင်ရနိုင်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*