ဒေါ်လာ ၂ဝ၁၅တန် (မြန်မာငွေ ၂၈ သိန်းကျော်) တရုတ်နိုင်ငံက ကမ္ဘာ့ဈေးအကြီးဆုံး အမဲသား ခေါက်ဆွဲစွပ်ပြုတ်

တရုတ်နိုင်ငံက ကမ္ဘာ့ဈေးအကြီးဆုံး အမဲခေါက်ဆွဲ စွပ်ပြုတ်ကို Ban Mian လို့ခေါ်ပါတယ်။Hebei, Shijiazhuang မြို့က စားသောက်ဆိုင်မှာ ရောင်းချနေတာဖြစ်ပါတယ်။ ဘယ်လောက်တောင်ကောင်းလို့ အမဲခေါက်ဆွဲ စွပ်ပြုတ်တစ်ပွဲဟာ ယွမ် ၁၃၈ဝဝ(ဒေါ်လာ ၂ဝ၁၅)လောက်ရှိရတာလည်းလို့ တစ်ချို့က မေးကြတယ်။


” ကောင်းကင်၊ ကုန်းမြေနဲ့ ပင်လယ် ” ကလာတဲ့ အမျိုးစား (၄)မျိုးနဲ့ ဒီစွပ်ပြုတ်ကို ပြုလုပ်ထားတယ်လို့ Sin Chew သတင်းမှာဖော်ပြထားပါတယ်။ အဲ့ဒီအမျိုးစားတွေက ဘာတွေလည်းဆိုတာ စားသောက်ဆိုင်က သေချာဖော်ပြထားခြင်းမရှိပါဘူး။

လွန်ခဲ့တဲ့ ၆လက ဒီစွပ်ပြုတ်ကို စတင်ရောင်းချတုန်းကဆို လေးပွဲလောက်ပဲ စားသုံးသူတွေ မှာကြတယ်လို့ ဆိုင်မန်နေဂျာက ပြောပြပါတယ်။ ပုံမှန် ခေါက်ဆွဲ စွပ်ပြုတ်ထက် မယုံနိုင်လောက်အောင်ဈေးကြီးနေတာကြောင့် အွန်လိုင်းမှာနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ ဒါဟာ စားသုံးသူတွေကို တစ်ဖက်လှည့်ဆွဲဆောင်တာမျိုးပဲဖြစ်နိုင်မယ်လို့ တစ်ချို့အင်တာနက်အသုံးပြုသူတွေက ဝေဖန်ပါတယ်။


ဒုတိယ ဈေးအကြီးဆုံး စွပ်ပြုတ်ကတော့ ၃၉၈ယွမ်(၅၈ဒေါ်လာ) ရှိပြီး ၁.၂ ကီလိုဂရမ်(၂.၆ပေါင်)ရှိတဲ့ သြစတေးလျ ကျောက်ပုစွန်ပါဝင်တယ်လို့ သိရပါတယ်။ အမဲခေါက်ဆွဲ စွပ်ပြုတ်ဟာ အရသာဘယ်လောက်ရှိတယ်ဆိုတာတော့ ဘယ်သူမှ အကြံပေး၊ ဝေဖန်ထားတာမျိုး မရှိသေးပါဘူး။

 

Be the first to comment

Leave a Reply

Your email address will not be published.


*