မီးလောင်နေတဲ့အိမ်ကနေ တစ်မိသားစုလုံးကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ အဆုံးသတ်မလှခဲ့တဲ့ ကြက်တူရွေးရဲ့အဖြစ်

Barbara Klein အမည်ရှိတဲ့အမျိုးသမီးနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ Larry တို့ဟာ အသက် 6နှစ်အရွယ် မြေးမလေးနဲ့အတူ နေအိမ်မှာ အိပ်မောကျနေစဉ် ၎င်းတို့ရဲ့မီးဖိုချောင်ကနေစပြီး မီးတောက်ကြီးဟာ ဧည့်ခန်းအထိ တဖြည်းဖြည်းလောင်ကျွမ်းလာခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ၎င်းတို့မိသားစု မွေးမြူ ထားခဲ့တဲ့ အိမ်မွေးကြက်တူရွေးလေးဟာ ” fire ” ဆိုပြိး အော်ဟစ်ကာ တစ်မိသားစုလုံးကို ခေါ်နှိုးခဲ့ပါတော့တယ် ။

ကြက်တူရွေးလေးက တစ်ကြိမ်တစ်ခါမျှ ” Fire ” ဆိုပြီး အော်ဟစ်ခဲ့တာမျိုး မရှိတဲ့သမျှ တစ်မိသားစုလုံးအိပ်ယာမှ လန့်ပြီးနှိုးထခဲ့ကြပါတော့တယ် ။ သို့ပေမဲ့လည်း ကြက်တူရွေးလေး နဲ့ အခြား အိမ်မွေးခွေး 4ကောင်လုံးမှာ အဆိုပါမီးလောင်ကျွမ်းမှုကနေ မလွတ်မြောက်နိုင်ခဲ့လို့ သေဆုံးခဲ့ကြရပါတယ် ။

ကြက်တူရွေးလေးရဲ့ပိုင်ရှင်ဖြစ်သူ Barbara အသက် 63 နှစ်အရွယ်အမျိုးသမီးရဲ့ ပြောဆိုချက်အရ ” ကြက်တူရွေးလေး Louie က တကယ့်ကို သူရဲကောင်းပါပဲ ၊ သူ့ကြောင့်မဟုတ်ရင် မီးလောင်နေပေမဲ့ ကျွန်မတို့်အကုန်အိပ်မောကျနေကြမှာပါ ၊ သူက ” Fire ” ဆိုပြီး ထအော်ခဲ့တယ် ၊ တစ်ခါမှ အော်လိုမျိုးလည်း မအော်ဖူးဘူး ၊ ကျွန်မနိုးလာတော့ မီးက ဧည့်ခန်းအထိတောင် တော်တော်လေး လောင်ကျွမ်းနေခဲ့ပါပြီ ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။

ထို့အပြင် ” ခင်ပွန်းက မီးဖိုချောင်ဆီကို ပြေးပြီး မီးငြိမ်းဖို့ကြိုးစားခဲ့ပါတယ် ၊ သို့ပေမဲ့လည်း မမှီနိုင်တော့လို့ နေအိမ်ထဲက ခွေးလေးတွေကို ကယ်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ လုံးဝအဆင်မပြေခဲ့ပဲ ကျွန်မကသူ့ကို ထွက်လာခဲ့တော့ ဆိုပြီးအော်လိုက်ချိန်မှ သူက လေးဖက်ကုန်းပြီး အိမ်အပြင်ထွက်လာဖို့ကြိုးစားခဲ့ပါတယ် ၊ ကျွန်မလည်း သူ့ကို မီးထဲကနေ ပြန်ဆွဲထုတ်ခဲ့ရပါတယ် ၊ အဲ့နောက် ကျွန်မတို့ကားပေါ်တက်ပြီး အဝေးပြေးလမ်းမကြီးပေါ် မောင်းနှင်လာခဲ့ပါတော့တယ် ” ဆိုပြီး သူမရဲ့အဖြစ်အပျက်ကိုပြောဆိုခဲ့ပါတယ် ။

ယခုချိန်မှာတော့ အဆိုပါမိသားစုကို ဒေသခံတွေက တတ်နိုင်သလောက်ကူညီပေးလျက်ရှိနေပါတယ် ။ ခင်ပွန်းဖြစ်သူကတော့ ဆေးရုံတက်ခဲ့ရပေမဲ့ ယခုချိန်မှာတော့ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*