ရထားပေါ်မှာ အိမ်သာရေနဲ့ ကော်ဖီရောင်းချနေသူ အိန္ဒိယ မှာ ဖမ်းမိ(ရုပ်သံ)

လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ဗွီဒီဖိုင်တစ်ခုမှာ ရထားပေါ် ကော်ဖီရောင်းချနေသူတစ်ဦးဟာ လိုအပ်တဲ့ ရေတွေကို ရထားပေါ်ရှိအများသုံးအိမ်သာကနေ ခပ်ယူသုံးစွဲနေတဲ့ ဖြစ်ရပ်ကြောင့် အစားအသောက်ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေများနေတဲ့ အိန္ဒိယနိုင်ငံမှာ စိတ်ဆိုးဒေါသထွက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဗွီဒီယိုသက်သေအရ အဆိုပါ ကော်ဖီရောင်းချသူဟာ ချင်နိုင်း-ဟိုက်ဒရာဘတ် ပြေးဆွဲနေတဲ့ ရထားပေါ်ရှိ အများသုံးအိမ်သာထဲကနေ ကြီးမားတဲ့ လက်ဆွဲပုံးကြီးတွေနဲ့ ရေထည့်ပြီး ထွက်လာတာကို တွေ့ရပါတယ်။

အိန္ဒိယ မီးရထားဌာနကတော့ “ယခုဖြစ်ရပ်ကို အသေးစိတ်စစ်ဆေးနေပါတယ်။ အဆိုပါ ကော်ဖီရောင်းချသူကိုလည်း အမေရိကန်ဒေါ်လာ ၁၅၀၀ နဲ့ ညီမျှတဲ့ ဒါဏ်ကြေးငွေ ရိုက်ထားပါတယ်” လို့ သတင်းထုတ်ပြန်ပါတယ်။

ကော်ဖီဖျော်ရောင်းသူကတော့ သူ့အနေနဲ့ အခြားကော်ဖီဖျော်ရောင်းသူတွေနဲ့ နို့တွေကို လဲလှယ်နေတာဖြစ်ပြီး လူကြားထဲမှာ မလုပ်ချင်တဲ့အတွက် အိမ်သာထဲ ဝင်လုပ်ရတာဖြစ်တယ်လို့ ချေပပြောဆိုပါတယ်။

“အိမ်သာထဲကနေ ရေတွေ ခပ်ပြီး ယူလာတာ တွေ့နေရတာပဲ။အတော်လူမဆန်တာ” လို့ မီးရထား ကုမ္ပဏီ က ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*