ခွေးတွေကပွေ့ဖက်ခြင်းကိုမုန်းတီးကြောင်း သိပ္ပံပညာရှင်များထုတ်ဖော်

ခွေးတွေဟာ ပွေ့ဖက်ခြင်းကို မုန်းပြီး သူတို့မဖြစ်မနေသည်းခံရတဲ့အကြောင်းအရင်းကတော့ သခင်ဖြစ်တဲ့သင်က ဖက်ရတာကို အရမ်းကြိုက်လို့ဖြစ်ကြောင်း သိရပါတယ်။ သင်ဖက်တဲ့အချိန်တိုင်းမှာခွေးတွေဟာ အနေရအထိုင်ရခက်ဖြစ်တဲ့ပါတယ်။“တကယ်တော့ ကျွန်တော်တို့ဖက်လိုက်တဲ့အချိန်တိုင်း ခွေးတွေကိုစိတ်ဖိစိးမှုဖြစ်ပေါ်စေပါတယ်။”လို့ စိတ်ပညာရှင် Stanley Corenကပြောပါတယ်။

အကြောင်းအရင်းကတော့ ခွေးတွေကိုဖက်တဲ့အခါခွေးတွေဟာ ထောင်ချောက်မိသလိုခံစားရပြီး အန္တာရာယ်ကနေမလွတ်မြောက်နိုင်မှာကို ကြောက်လို့ဖြစ်ပါတယ်။ခွေးတွေဟာ တစ်ခုခုဖြစ်ပြီဆိုတိုက်ခိုက်ဖို့ကို အရင်စဉ်းစားလေ့ရှိတာမဟုတ်ပဲ ထွက်ပြေးဖို့ကိုစဉ်းစားထားတတ်ပါတယ်။


သူ့ရန်သူက ကြောက်နေတာသိမှ တိုက်ခိုက်လေ့ရှိကြပါတယ်။ ခွေးတွေကိုဖက်ထားတဲ့အချိန်ဓာတ်ပုံရိုက်ကြည့်ပါ။ သိသိသာသာကို စိတ်အနှောက်အယှက်ဖြစ်နေတတ်ပါတယ်။ခွေးတွေဟာ စိတ်အနှောက်အယှက်ဖြစ်နေကြောင်းကို နည်းလမ်းအမျိုးမျိုးနဲ့ပြတတ်ကြပါတယ်။ တစ်ခါတစ်လေခေါင်းကိုလှည့်ထွက်သွားတာမျိုး၊ နားရွက်ကိုနှိမ့်ထားတာမျိုးတွေလည်းလုပ်တတ်ပါတယ်။ Corenဟာ ခွေးတွေအဖက်ခံထားရတဲ့ဓာတ်ပုံကောင်း ၂၅၀ကျော်ကို လေ့လာခဲ့တာဖြစ်ပါတယ်။

Young woman hugs Morkie breed dog

၈၁ရာခိုင်နှုန်းလောက်မှာ စိတ်အနှောက်အယှက်ဖြစ်တဲ့အမူ အရာတွေတွေ့ခဲ့ရပါတယ်။ခွေးတွေရဲ့ပျော်ရွှင်မှုကို လျစ်လျူရှုပြီး ကျွန်တော်တို့အားလုံးသူတို့မကြိုက်တဲ့ ပွေ့ဖက်ခြင်းကိုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်ခွေးတွေကတော့ သခင်စိတ်ချမ်းသာဖို့ များသောအားဖြင့်အရိပ်အယောင်ပဲပြတတ်ကြပါတယ်။ ဖက်မယ့်အစားဗိုက်ကိုပွတ်ပေးတာကို ပိုကြိုက်တယ်လို့သိရပါတယ်။ ခေါင်းကိုဖြည်းဖြည်းလေးပုတ်ပေးတာကိုလည်း ခွေးတွေကနှစ်သက်တယ်လို့ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*