စားသောက်ဆိုင်အထဲထိဝင်ပြီး အုပ်စုဖွဲ့ကာခိုးယူမှုပြုလုပ်ခဲ့ကြတဲ့ သူတွေရဲ့ ကြောက်စရာ လုပ်ရပ် (ရုပ်သံ)

သူခိုးတွေ ၊ လုယက်သူတွေဟာ လူထူထပ်တဲ့နေရာတွေမှာ အတွေ့များလေ့ရှိကြပြီး တစ်ခါတစ်လေကိုယ်မသိလိုက်တဲ့အချိန်တွေမှာတောင် ကိုယ့်ဆီက လုယူခံလိုက်ရတာမျိုး ဖြစ်တတ်ပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ video ထဲမှာတော့ နေ့ခင်းကြောင်တောင် စားသောက်ဆိုင်အထဲထိဝင်ပြီး ခိုးယူမှုပြုလုပ်ခဲ့ကြတာပါပဲ ။

Video ထဲမှာတော့ စုံတွဲတစ်တွဲဟာ ဆိုင်ထဲမှာအေးအေးဆေးဆေး နှစ်ယောက်သားစကားပြောပြီး စားသောက်နေခဲ့ကြတာပါ ။ ထိုအချိန်မှာတော့ ဘေးဝိုင်းမှာရှိနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားနှစ်ယောက်တို့ဟာ ဝိုင်းဖွဲ့ထိုင်နေပြီးနောက် ခဏအကြာမှာတော့ ခိုးယူဖို့စီစဉ်ခဲ့ကြပြီး နေရာလဲထိုင်ခဲ့ကြပါတယ် ။

ထိုအချိန်မှာတော့ တီရှပ်အဖြူ ရောင်နဲ့အမျိုးသားဟာ စားသောက်နေတဲ့စုံတွဲအနီးထိုင်လိုက်ပြီးနောက် အိတ်အဖြူ ရောင်နှင့် သူ၏လက်ကိုကာထားပြီး အဆိုပါစုံတွဲဆီမှ ပစ္စည်းများခိုးယူနေခဲ့ပါတော့တယ် ။ ကျန်အခြားနှစ်ယောက်မှာလည်း အခြားသူတွေနဲ့ စုံတွဲနှစ်ယောက်ရဲ့ အခြေအနေကိုစောင့်ကြည့်ပေးနေပြီး အုပ်စုဖွဲ့ခိုးယူမှုများ ပြုလုပ်ခဲ့ကြပါတယ် ။

ထို့အပြင် မှာယူစားသောက်မှုလုံးဝမရှိဘဲ ခိုးယူပြီးနောက်မှာတော့ တစ်ယောက်ပြီးတစ်ယောက် စားပွဲဝိုင်းကနေမသိမသာလေး ထထွက်သွားခဲ့ကြပါတယ် ။ အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေပေမဲ့လည်း အဆိုပါသူခိုးအုပ်စုကိုတော့ ဖမ်းမိခဲ့လား ဆိုတဲ့တိကျတဲ့သတင်းတော့ ရရှိခဲ့ခြင်းမရှိခဲ့ပါဘူး

Be the first to comment

Leave a Reply

Your email address will not be published.


*