ဒီအမျိုးသမီးဓာတ်ပုံမှာ ဘယ်နေရာမှားနေလဲ (မျက်လုံးလျင်မှတွေ့မယ်နော်)

Amy Childs ဆိုတာ ဗြိတိန်မော်ဒယ်လောကမှာရော၊ ရုပ်သံတင်ဆက်သူအဖြစ်နဲ့ပါ လူသိများပြီး ထင်ရှားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ Amy ဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အဖြစ်လည်း ရပ်တည်နေသလို၊ နာမည်ကျော်ဒီဇိုင်နာအဖြစ်လည်း ကိုယ့်ထူးကိုယ်ချွန်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပါတယ်။


ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက Amy အတွက် အရှက်ရစရာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အကြောင်းကတော့ လူမှုကွန်ယက်မှာ Amy ကိုယ်တိုင်တင်ခဲ့တဲ့ ပုံဟာ ပြင်ဆင်တည်းဖြတ်ထားတဲ့ ပုံတစ်ပုံဆိုတာ သိသာစေခဲ့ပြီး လက်ရာကလည်း မသပ်မရပ်ဖြစ်နေခဲ့လို့ လူတွေ ရယ်စရာ ဖြစ်ခဲ့ပါတယ်။

အဆိုပါ ဓာတ်ပုံထဲမှာ Amy ဟာ ဂျင်းဘောင်းဘီ လက်ရှည်ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားပြီး နှုတ်ခမ်းကို ခပ်စူစူအနေအထားနဲ့ ပဲပေးထားပါတယ်။ ဒါပေမယ့် ပုံရဲ့ညာခြမ်းကို သေချာကြည့်လိုက်တဲ့အခါမှာ နောက်ကွယ်မှာရှိနေတဲ့ တံခါးဖရိန်က သိသိသာသာကွေးနေခဲ့တာမို့ လူတွေအတွက်တော့ရယ်စရာဖြစ်ခဲ့ပါတယ်။

Lauren Goodger

ဒီအတွက် Amy ဟာ ဒီဂျစ်တယ် App တစ်ခုကို သုံးခဲ့ပုံရပြီး၊ တင်ပါး ကားနေတဲ့ပုံစံကို ပရိသတ်အား မြင်စေချင်ပုံရပါတယ်။ဒီလိုအဖြစ်အပျက်မျိုးကို Amy တစ်ယောက်တည်းသာ ပြုလုပ်မိခဲ့တာမဟုတ်ပါဘူး။ အင်္ဂလန်နိုင်ငံရဲ့ ဝါရင့် မော်ဒယ်နဲ့ သရုပ်ဆောင် Lauren Goodger လည်း ဒီလိုအဖြစ်အပျက်မျိုး လုပ်ခဲ့ဖူးပါသေးတယ်။ သူမကတော့ ဗိုက်ချပ်နေတဲပုံစံကို ပရိသတ်ကို မြင်စေချင်လို့ အတွင်းကို နည်းနည်းလေး ဆော့်ဖ်ဝဲသုံးကာ ဖိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အောက်မှာ ခင်းထားတဲ့ အုတ်လမ်းက မျဉ်းကြောင်းတွေတောင် ကွေးသွားတဲ့အထိ သိသာစေခဲ့လို့ ဟားစရာဖြစ်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*