နုနုငယ်ငယ်ကလေးအရွယ်မှာ ဒီလိုဂိမ်းတွေကြောင့်အပျက်စီးမခံပါနဲ့

အခုလိုဖွံ့ဖြိုးတိုးတတ်နေတဲ့ခေတ်ကြီးထဲမှာ ကောင်းကျိုးတွေရောဆိုးကျိုးတွေရော ဒွန်တွဲလို့နေတာပါပဲ။ စက်ပစ္စည်းတွေဖွံ့ဖြိုးတိုးတတ်လာတာနဲ့အညီ ကလေးတွေလည်းအရင်လိုအပြင်မှာ ကစားတာမျိုးတွေသိပ်မရှိတော့ပဲ အလကားနေဂိမ်းပဲပွက်နေကြပါရောလား…အခုလည်းဖိလစ်ပိုင်နိုင်ငံက ၆နှစ်အရွယ်ကောင်လေးဟာ မျက်ကြောသေရောဂါလို့ဆိုရမဲ့ မျက်နှာအကြောတွေကို မထိန်းချုပ်နိုင်တဲ့ရောဂါမျိုးကိုခံစားနေရပါတယ်။

မိခင်ဖြစ်သူရဲ့ပြောကြားချက်အရာ Game တွေ ကိုအဆော့များပြီး တစ်နေ့ကို ၉နာရီလောက်ဂိမ်းဆော့လေ့ရှိတယ်လို့သိရပါတယ်။ကလေးတစ်ယောက်အနေနဲ့ ဒီလိုအလင်းရောင်တွေများတဲ့စက်ပစ္စည်းတွေနဲ့အချိန်ကြာကြာထိတွေ့တာဟာသိပ်ကိုကြောက်စရာကောင်းတဲ့ပြဿနာပါပဲ။ အထူးသဖြင့်ဂိမ်းဖြစ်တာကြောင့် အလင်းရောင်တွေကာလာတွေနဲ့မလို့ မျက်လုံးကို ပိုပြီးထိခိုက်စေတာတော့အသေချာပါပဲ။

ကျောင်းကပြန်လာတာနဲ့ ဂိမ်းဆော့ပဲအားသန်နေခဲ့ပြီးတစ်နေ့ကို ၉နာရီလောက်ဆော့ရင်းရက်တွေကြာလာတဲ့အခါမှာတော့ဒီလိုအဖြစ်ကြီးနဲ့ကြုံလိုက်ရတာပါပဲ။ ဖြစ်ဖြစ်ချင်းဆိုသလိုမိဘနှစ်ပါးကဆေးရုံသွားပြကာစစ်ဆေးစရာရှိတာတွေစစ်ဆေးခဲ့ကြပါတယ်။စစ်ဆေးချက်တွေအရဦးနှောက်ပိုင်းဆိုင်ရာတွေ မှာ ဘာလိုထိခိုက်မှုမှမရှိပဲကျန်းမာပင်မဲ့ မျက်နှာကြောပိုင်းအာရုံကြောပိုင်းဆိုင်ရာတော့ထိခိုက်သွားပြီး ထိန်းချုပ်ရခက်သွားခဲ့ပါတယ်။

ကုသလို့တော့ရတယ်ဆိုပင်မဲ့အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလိုကြီးတွေဖြစ်ပြီး ဆေးတွေနဲ့ကုသရတာဟာလူကိုထိစေတာတော့အသေချာပါပဲ။ ဒါကြောင့်တန်ဆေးလွန်ဘေးဆိုသလို ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ နုနုငယ်ငယ်ကလေးတွေရော လူကြီးတွေပါ ဖြစ်နိုင်ရင် လိုမှသာ ဒီလိုElectronic Device တွေနဲ့ ထိတွေ့ကြပြီး မလိုရင် မျက်လုံးအနားပေးပြီးမသုံးတာပိုကောင်းပါလိမ့်မယ်..ကြာရင်မျက်လုံးကျန်းမာရေးရော အာရုံကြောကျန်းမာရေးအပြင်ဦးနှောက်ကျန်းမာရေးကိုပါများစွာထိခိုက်စေတာ အသေချာမလို့ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ပြီးရှောင်ရှားကြပါလို့စေတနာနဲ့သတိပေးပြောကြားရင်း….

 

Be the first to comment

Leave a Reply

Your email address will not be published.


*