ပျောက်ဆုံးနေတဲ့ ခွေးကိုရှာပေးနိုင်ရင် အိမ်တစ်လုံး ကျေးဇူးဆပ်မယ့် ခွေးပိုင်ရှင်

အမျိုးသမီး တစ်ယောက်ဟာ သူမ ရဲ့ မြတ်နိုးချစ်ခင် ရတဲ့ အိမ်မွေးခွေးလေး ပျောက်ဆုံးနေတဲ့အတွက် စိတ်ပူနေပြီး သူမရဲ့ ခွေးလေးကို ရှာဖွေပေးနိုင်ရင် သူမရဲ့ နေအိမ်ပေးပြီး ကျေးဇူးဆပ်မယ်လို့ ကြေညာထားပါတယ်။

ဘေဂျင်းမြို့မှာ သူမရဲ့ ခွေးလေးနဲ့ အတူနေထိုင်တဲ့ Mrs Liu ဟာ သူမရဲ့ နေအိမ် အနီးနား တစ်ဝိုက်မှာ ခွေးလေးရဲ့ ဓါတ်ပုံနဲ့ ပိုစတာတွေ ကပ်ထားခဲ့ပြီး ရှာတွေ့တဲ့သူကိုလည်း သူမရဲ့ နေအိမ်ဖြစ်စေ ၊ နေအိမ်နဲ့ တန်ဖိုးတူညီတဲ့ ပိုက်ဆံဖြစ်စေပေးမယ်လို့ ကြေညာထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ နေအိမ်ဟာ စတာလင်ပေါင် ၄၂၀၀၀၀ တန်ဖိုးရှိပါတယ်။

ဒါပေမယ့်လည်း အသက် ၇၀ အရွယ် Mrs Liu ရဲ့ ပိုစတာတွေနဲ့ အွန်လိုင်းကြော်ငြာတွေမှာ ပါဝင်တဲ့ ခွေးပျောက်ရှာပုံတော် တန်ဖိုး မက်လုံးဟာ လူတွေရဲ့မှားယွင်းစွာ အာရုံစိုက်ခြင်းကို ခံလိုက်ရပါတယ်။

လူတွေက သူမရဲ့ ခွေးကို အမှန်တစ်ကယ် ရှာဖွေဖို့ အာရုံမစိုက်တော့ပဲ ပိုက်ဆံ ရဖို့ကို သာ အာရုံစိုက်နေကြပြီး Mrs Liu ထံ ဆက်သွယ်လာတဲ့ ဖုန်းခေါ်ဆိုမှုတွေတိုင်းဟာ မှားယွင်းတဲ့ ခွေးတွေကိုသာ ညွှန်ပြနေခဲ့ကြပါတယ်။ သဲလွန်စတွေ ပေးပို့ကြပေမယ့်လည်း မှားယွင်းနေပြီး စိတ်မကောင်းစရာ ရှာဖွေမှုဟာ စိတ်မကောင်းမှုနဲ့ပဲ အဆုံးသတ်တော့မှာပါ။

“ကျွန်တော်တို့ မှားယွင်းတဲ့ ဆက်သွယ်မှုတွေပဲ ဆက်တိုက်လက်ခံနေရပြီး ရှာဖွေမှုကို အရှုံးပေးလိုက်ဖို့ စဉ်းစားနေပါတယ်” လို့ Mrs Liu ရဲ့ တူဖြစ်သူက ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*