ပြည့်တန်ဆာဘာသာရပ်ကို သင်ကြားပေးနေတဲ့နိုင်ငံ

သိပ်မကြာသေးခင်က ကောက်ယူခဲ့သော စစ်တမ်းများအရ စပိန်နိင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ နှစ်သန်းမှ လေးသိန်းအထိရှိတယ်လို့ လည်း သိရပါတယ်။ အဆိုပါကျောင်းရဲ့ နာမည်ကတော့ ထရာဗာဂျိုယာဖြစ်ပြီး ဗလင်စီယာတွင် ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ ထိုကျောင်းတွင် အသက်မွေးဝမ်းကြောင်း အထောက်အကူအဖြစ် ပြည့်တန်ဆာလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်းများ ပို့ချပေးပြီး အမျိုးသားရော အမျိုးသမီးများပါ အလုပ်အကိုင်အဆင်ပြေနိုင်ရန်အတွက် ထိုသင်တန်းသို့လျှောက်ထားကြတယ်လို့ ဆိုပါတယ်။

သင်တန်းချိန်ရဲ့ ကြာမြင့်ချိန်ကတော့ စာတွေ့နှင့်လက်တွေ့စုစုပေါင်း တစ်ပတ်ကြာ မြင့်တာပဲဖြစ်ပါတယ်။ သမိုင်းကြောင်းများ ၊ ပြည့်တန်ဆာများ၏ ဆင့်ကဲပြောင်းလဲပုံများနှင့် စီးပွားရေးကျွမ်းကျင်မှုများကို လေ့လာရန် သင်တန်းကြေး ယူရို (၁၀၀) ပေးသွင်းရပြီး နေ့စဉ် လက်တွေ့ (၂) နာရီလုပ်ဆောင်ရပြီး လိင်ကစားစရာအရုပ်များကို လေ့လာရပါတယ် ။

ထိုကျောင်းကိုဆန့်ကျင်သူများက တရားစွဲဆိုခဲ့သော်လည်း ကျောင်း၏လှုပ်ရှားမှုများကို တရားရုံးက စုံစမ်းခဲ့ပြီး ထိုကျောင်းသည် ပြည့်တန်ဆာလုပ်ငန်းကို မြှင့်တင်ပေးခြင်းမဟုတ်ကြောင်း သဘောတူခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း ယခုအချိန်အထိ ထရာဘာဂျိုယာကျောင်းသည် ဆက်လက်ရပ်တည်လျက်ရှိနေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*