အကြွေးတင်ခံပြီး အသက်၆ဝကနေ အသက်၂ဝအဖြစ်သို့ ခွဲစိတ်ပြုပြင်ခဲ့တဲ့ အမျိုးသမီး

တရုတ်နိုင်ငံ Wuhan မှာနေထိုင်တဲ့ အသက် ၆ဝအမျိုးသမီးဟာ အန္တရာယ်များသော ခွဲစိတ်မှုကို အောင်မြင်ခဲ့ပြီးနောက် အသက် ၂ဝအရွယ် မိန်းကလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။

အမျိုးသမီးနာမည်က Zhu လို့သိရပြီး ဒီခွဲစိတ်မှုကြောင့် ဒေါ်လာ ၆မီလီလျံတောင် အကြွေးတင်ခဲ့တယ်လို့ သိရပါတယ်။ သူမလက်ရှိလုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံမှာ အကြွေးတွေအများဆုံးရှိနေတာဖြစ်ပါတယ်။

အခု ဒီအကြွေးတွေကို ပြန်မဆပ်နိုင်လို့ ရဲတိုင်တဲ့သူတွေက တိုင်ကုန်ကြပါပြီ။ ပိုက်ဆံတွေပြန်မဆပ်နိုင်တော့ ချက်ချင်းပျောက်သွားပါတယ်။ ဒါပေမယ့် ရဲတွေက ခြေရာခံပြီး ရအောင်ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့ပါတယ်။ သူမကို စစ်ဆေးမေးမြန်းကြည့်တော့ ညီမဖြစ်သူကို ငွေကြေးထောက်ပံ့နေရလို့ ဆိုပြီးပြောပါတယ်။

နောက်ပိုင်း သူမရဲ့အကြောင်းတွေကို စုံစမ်းတော့ ဇာတ်ရှုပ်ဖြစ်နေတာကို သိလိုက်ရတယ်။ကားတွေလည်း အများကြီးဝယ်ထားပြီး သူမရဲ့ညီမဆီ လွဲွှပြောင်းပေးထားတာတွေလည်း ရှိနေတယ်။ဒီကြားထဲ အကြွေးများစွာ ပတ်လည်အဝိုင်းခံပြီး ခွဲစိတ်ပြုပြင်မှုကလည်း လုပ်လိုက်ပါသေးတယ်။ သူမကို လိမ်လည်မှုနဲ့ တရားစွဲဆိုထားပြီး တရားရုံးမှာ စစ်ဆေးမေးမြန်းသွားမယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*