1နှစ်အရွယ်ကလေးငယ်ကို တစ်နေကုန်ကားထဲမှာမေ့ပြီးထားခဲ့မိတဲ့ ဖခင်ရဲ့ မရှုမလှအဖြစ်

ကလေးငယ်လေးတွေ နဲ့ တိရစ္ဆာန်လေးတွေကို မကြာခဏကားထဲမှာ ပိတ်ပြီးထားခဲ့မိကြတဲ့အဖြစ်ကို ကြုံဖူး ၊ တွေ့ဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Kuantan မြို့မှာ နေထိုင်တဲ့အမျိုးသားဟာ ကားရဲ့အနောက်ဖက်ထိုင်ခုံမှာ ပါလာခဲ့တဲ့ 12 လသားအရွယ်ကလေးငယ်ကို မေ့ပြီး ကားပါကင်မှာ ကားထိုးရင်း ကားထဲမှာမေ့ပြီးထားခဲ့မိပါတယ် ။

ကလေးငယ်ဟာ ပူလောင်လွန်းတဲ့ အပူဒဏ်နဲ့ အသက်ရှုကျပ်လွန်းတဲ့အဖြစ်ကြောင့် အသက်သေဆုံးသွားခဲ့ရပါတယ် ။ ထို့နောက် ဖခင်ဖြစ်သူဟာ တစ်နေကုန်အလုပ်လုပ်ပြီး ကားဆီသို့ပြန်လာခါမှ ကားအနောက်ဖက်ခုံမှာ အသက်မဲ့နေပြီဖြစ်တဲ့ ကလေးငယ်ကို တွေ့ရှိခဲ့ပါတော့တယ် ။ ထိုအချိန်မှ ကျယ်လောင်စွာငိုကြွေးပြီး အော်ဟစ်နေခဲ့ပါတော့တယ် ။

ထို့နောက် ဒေသခံတစ်ဦးက အဆိုပါအမျိုးသားနဲ့ ကလေးငယ်ကို ဆိုင်ကယ်ဖြင့် နီးစပ်ရာဆေးပေးခန်းသို့ ပို့ဆောင်ပေးခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ ကလေးငယ်ဟာ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ် ။ ဒါကြောင့် မိဘတစ်ယောက်အနေနဲ့ သတိလွတ်ပြီး ယခုလိုကလေးငယ်ကိုကားထဲချန်ထားခဲ့မိတဲ့အတွက် ကြီးစွာသောနောင်တ နဲ့ သင်ခန်းစာမျိုး ရရှိနေလောက်ပြီဆိုတာ ခန့်မှန်းကြည့်ရုံနဲ့ သိနိုင်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*