ဂျင်းများကိုမလျှော်သင့်ကြောင်း Levei’s CEO ပြောကြား

လူတွေတော်တော်များများဟာ အဝတ်လျှော်ရတာကို သဘောမကျကြပါဘူး။ ဒါမှမဟုတ် အဝတ်လျှော်ဖို့ပင်မင်းဆိုင် သွားရတာကိုတောင် သဘောမကျကြပါဘူး။ အဲဒီလူများအတွက် သတင်းကောင်းရှိပါတယ်။ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်တဲ့ Levi’s ရဲ့ CEO ရာထူးကို ရယူထားပြီး ဂျင်းထည်နဲ့ ပက်သက်ရင် ကျွမ်းကျင်မှု ရှိတဲ့ Chip Bergh က ဂျင်းထည်များဟာ လျှော်ဖွပ်ပြီး ဝတ်သင့်တဲ့ အဝတ်များ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

ဂျင်းထည်တွေကို မလျှော်သင့်သူက “ ဂျင်းထည်တွေကို အဝတ်လျှော်စက်ထဲ ထည့်စရာမလိုပါဘူး … တကယ်လို့ ညစ်ပေနေရင်တော့
သွားတိုက်တံကဲ့သို့သော အရာနဲ့ အစက်အပျောက်တွေကို ချွတ်နိုင်ပါတယ် ”လို့ ပြောပါတယ်။ သူက ဒီလိုပြောတဲ့အတွက် အဝတ်ဆိုတာ လျှော်သင့်တယ်/မလျှော်သင့်ဘူး ယူစသူတွေအတွက် အငြင်းပွားဖွယ်ရာဖြစ်တယ်လို့ ဆိုပေမယ့် သူ့မှာ အကြောင်းပြချက်ကောင်းကောင်းလည်း ရှိတယ်လို့ ဆိုပါတယ်။ Bergh က“ ဘယ်သူမှ ညစ်ပတ်တဲ့အဝတ်အစာနဲ့ လူမြင်ကွင်း လျှောက်မသွားချင်ကြပါဘူး

… ကျွန်တော် ဆိုလိုချင်တဲ့ အချက်က ဂျင်းလို လိမ်ကျစ်နေတဲ့အထည်တွေဟာ ရှားတောင့်ရှားခဲ တစ်ခါတစ်ခါကလွဲရင် အမြဲ လျှော်
စရာမလိုပါဘူး … ” လို့ ပြောခဲ့ပါတယ်။သူ့ရဲ့ အကြောင်းပြချက်က ရေကို ဖြုန်းတီးရာ ရောက်သလို၊ အဲဒီ ဂျင်းဝတ်တွေကို လျှော်ဖွပ်ခြင်းက အထည်တွေကို ထိခိုက်ပျက်စီးစေပြီး ကြာရှည်မခံဘူးလို့ ဆိုပါတယ်။ ရောဂါပိုးမွှားကင်းဖို့အတွက်ဆိုရင်တော့ ကိုယ်
အခန်းထဲမှာရှိတဲ့ ရေခဲသေတ္တာထဲကို ထည့်ထားရင်လည်း ဘက်တီးရီးယားတွေကို သေစေနိုင်တယ်လို့ ပြော
ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*