မပျံနိုင်တဲ့ ငှက်ကလေး နဲ့ လမ်းမလျှောက်နိုင်တဲ့ ခွေးလေးတို့ရဲ့ သူငယ်ချင်းသံယောဇဉ် (ရုပ်သံ)

လမ်းမလျှောက်နိုင်တဲ့ ခွေးလေး နဲ့ မပျံသန်းနိုင်တဲ့ ငှက်လေးတွေကို တိရစ္ဆာန်ကူညီကယ်ဆယ်ရေးအဖွဲ့က ကယ်တင်ပေးရင်းနဲ့ နောက်ဆုံး၎င်းတို့နှစ်ကောင်ဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ် ။

The Mia Foundation က မွေးဖွားလာစဉ်ကတည်းက ချို့ယွင်းနေကြတဲ့တိရစ္ဆာန်တွေကို ကူညီကယ်ဆယ်ပေးရင်း ၎င်းတို့ကို ဘဝအသစ်တဖန်ရရှိအောင် ဖန်တီးပေးခဲ့ကြပါတယ် ။ Lundy အမည်ရှိတဲ့ 2လသားအရွယ်ခွေးလေးဟာ ကျေားရိုမှာရှိတဲ့ အကြောတွေပျက်ဆီးမှုကြောင့် လမ်းမလျှောက်နိုင်ဘဲ ဖြစ်နေခဲ့ရတာဖြစ်ပါတယ် ။ သို့ပေမဲ့လည်း Lundy ဟာ အခြားကူညီကယ်တင်ခြင်းခံခဲ့ရတဲ့ Herman အမည်ရှိတဲ့ ခိုလေးတစ်ကောင်နဲ့ သူငယ်ချင်းဖြစ်သွားခဲ့ရင်း ထိုအချိန်ကတည်းက ၎င်းတို့နှစ်ကောင်ကို ခွဲလို့မရနိုင်တော့လောက်အောင် ဖြစ်ခဲ့ပါတယ် ။

Herman အမည်ရှိတဲ့ ခိုလေးကိုတော့ ကယ်ဆယ်ရေးအဖွဲ့က အမြဲလိုလိုစောင့်ရှောက်ခဲ့ပေမဲ့လည်း Lundy ကိုတော့ ဝီးရှဲလေးအသုံးပြုနိုင်အောင် စီစဉ်ပေးလျက်ရှိပြီး Lundy ကို မွေးစားမဲ့မိသားစုတွေကိုလည်း ရှာဖွေပေးလျက်ရှိပါတယ် ။

Lundy ရဲ့ကိုယ်အလေးချိန်ဟာ တစ်ပေါင်သာရှိတဲ့အတွက် သူ့အတွက်ဝီးရှဲလေးကို စီစဉ်ပေးလျက်ရှိကြောင်း ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးကပြောဆိုခဲ့ပါတယ် ။ အကူအညီလိုအပ်နေတဲ့ တိရစ္ဆာန်အချင်းချင်း အခုလိုအမြဲလိုအပ်နေချိန် အတူတူရှိနေကြတဲ့ သူတို့လေးတွေရဲ့ သူငယ်ချင်းသံယောဇဉ်ဟာ စိတ်ကြည်နူးဖွယ်ကောင်းလွန်းလှပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*