နာက်ဆုံးတော့မိန်းမရပြီဆိုပြီး မင်္ဂလာပွဲမှာငိုချင်းချခဲ့သူရဲ့ ကြည်နူးဖွယ်အဖြစ်လေး

မင်္ဂလာပွဲဟာ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် ဘဝကြီးပြောင်းလဲသွားတဲ့နေ့မလို့ အဲဒီအချိန်မှာ စိတ်ခံစားချက်တွေတော်တေ်ာလေးမြင့်တက်နေမှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘယ်သူမဆိုမင်္ဂလာပွဲနေ့မှာတော့ ဝမ်းသာလွန်းလို့မငိုရင်တောင်မှပဲ မျက်ရည်တော့ဝဲမိကြမှာပါပဲလေနော်။

ဒါပေမဲ့ တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ကတော့ သူ့ရဲ့မင်္ဂလာပွဲမှာ သူများတွေလိုဟန်ဆောင်ပန်ဆောင်မဟုတ်ဘဲ ချုံးပွဲချငိုချခဲ့လို့ နာမည်ကြီးနေခဲ့ပါတယ်။ ဗီဒီယိုကတော့ အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက တရုတ်နိုင်ငံရဲ့လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Weibo မှာ တက်လာခဲ့တာပါ။


Fuyang ဒေမှာနေထိုင်သူ အမျိုးသားတစ်ယောက်ရဲ့မင်္ဂလာပွဲလေးကို ဧည့်သည်တွေထဲကတစ်ဦးဦးက အမှတ်တရအနေနဲ့ ဗီဒီယိုရိုက်ခဲ့ပုံပါပဲ။ အသက် ၃၀ အရွယ်လောက်ရှိနေပြီဖြစ်တဲ့ သတို့သားဟာ မင်္ဂလာပွဲအတွက်အမှတ်တရစကားပြောနေခဲ့တာပါ။ ဘေးကသတို့သမီးလေးကလည်း သိမ်သိမ်မွေ့မွေ့လေးနဲ့ ချစ်စရာလေး။ အမှတ်တရစကားပြောရင်း “ကျွန်တော်မထိန်းနိုင်တော့ဘူးဗျာ.. ကျွန်တော့်အတွက် မင်္ဂလာဆောင်ဖို့ဆိုတာ တော်တေ်ာခက်ခက်ခဲခဲကြိုးစားပြီးမှ ဖြစ်လာခဲ့တာပါ” တဲ့။

သတို့သားအနေနဲ့ သူများမင်္ဂလာဆောင်တွေမှာ သတို့သားအရံအဖြစ် ၇ ခေါက်တောင်လုပ်ထားခဲ့ရသူပါတဲ့။ ဒီတစ်ခေါက်တော့ သူ့အလှည့််ပေါ့ဆိုပြီး ရယ်ကျဲကျဲနဲ့ပြောခဲ့ပါသေးတယ်။ ဒီမိန်းကလေးနဲ့ချစ်သူဖြစ်ခဲ့ရတာ သူ့အတွက်တော့ ဆုလဘ်ကြီးတစ်ခုပါပဲတဲ့။ မနှစ်က တရုတ်နှစ်ကူးမှာ ဇနီးသည်ရဲ့မိဘတွေနဲ့ တရားဝင်သွားတွေ့ကာ လက်ထပ်ဒီလိုခက်ခဲ့တဲ့ ဖို့ကိစ္စတိုင်ပင်ခဲ့ပြီးနောက်မှာပဲ တင့်တောင်းတင့်တယ်ထားနိုင်ပြီး လက်ထပ်ပွဲလေးကျင်းပပေးဖို့အတွက် စတင်ကြိုးစားခဲ့ပါတော့တယ်။ ကုမ္ပဏီမှာ အချိန်ပိုတွေဆင်း၊ ညဖက်တွေအထိ အလုပ်တွေလုပ်ရင်း ညစာတောင် ထွက်မစားနိုင်လို့ ယောက်က္ခမဖြစ်သူက ည ၁၁ နာရီတိုင်း ခေါက်ဆွဲလုပ်လုပ်ပြီး လာပို့ပေးရတဲ့အထိပါပဲတဲ့။


မင်္ဂလာဆောင်ဖို့ဆိုတာ ပြောတာနဲ့တင် လွယ်ကူလှတဲ့အလုပ်တစ်ခုမဟုတ်တဲ့အတွက်ကြောင့် သူ့ခင်ဗျာတကယ့်ကို တစ်နှစ်ပတ်လုံးနေ့မအား ညမနားကြိုးစားလာရင်း စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ စိတ်ဓာတ်တွေကျခဲ့ရတဲ့အခိုက်အတန့်တွေလည်းရှိခဲေ့ပမယ့် ချစ်သူ့မျက်နှာလေးတွေ့ရတိုင်း အမောတွေကိုပြေသွားတော့တာပါပဲတဲ့လေ။ သတို့သမီးလေးဖက်ကလည်း အပြင်မှာဘယ်လောက်ပဲ ပင်ပမ်းပမ်း၊ ရှင်အိမ်ပြန်လာတဲ့အချိန်တိုင်း ကျွန်မကစောင့်ကြိုနေမှာပါ၊ ရှင့်အနောက်မှာ ကျွန်မရှိပါတယ်လို့ အမှတ်တရစကားအနေနဲ့ ပြောပေးခဲ့ပါသေးတယ်။

သတို့သားကတော့ အမှတ်တရနဲ့ကျေးဇူးတင်စကားဆိုရင်းနဲ့တင် ပွဲမှာပဲ စိတ်မခိုင်တော့ဘဲ အရမ်းဝမ်းသာလွန်းလို့ ငိုချပစ်လိုက်ခဲ့ပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*