19 နှစ်အရွယ်သမီးလေးရဲ့ အစ်မဆိုပြီး အမြဲအထင်လွဲခံနေရတဲ့ နှပျိုလွန်းလှတဲ့မိခင်

California မှာနေထိုင်လျက်ရှိတဲ့ အသက် 43 နှစ်အရွယ် Joleen Diaz အမည်ရှိတဲ့ ကျောင်းဆရာမနဲ့ သူမရဲ့သမီးဖြစ်သူ အသက် 19 နှစ်အရွယ် Meilani Parks တို့ဟာ သားအမိဆိုပေမဲ့လည်း အသက်တစ်ရွယ်တည်းလိုဖြစ်နေပြီး ၊ သူငယ်ချင်းတွေလို့ ထင်ရလောက်တဲ့အထိပါပဲ ။

Joleen ဟာ Single mum တစ်ယောက်ဖြစ်ပြီး သူမအသက် 12 နှစ်အရွယ်လောက်ကတည်းက သူမရဲ့အသားအရေကိုအတော်လေးဂရုစိုက်ခဲ့လို့ ယခုလိုနှပျိုနေရတာဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် Joleen က ” ကျွန်မအမြဲတမ်း ကျန်းမာအောင်နေတယ် ၊ active lifestyle မျိုးပေါ့ ၊ အရက်တွေလည်း မသောက်ဘူး ၊ နာနာနေနေ နေပါတယ် ၊ အစားအသောက်ကို ချင့်ချိန်ပြီးစားတယ် ပြီးတော့ ကျန်းမာတဲ့ diet မျိုး အမြဲလုပ်ပါတယ် ” ဆိုပြီး သူမရဲ့ လှပနှပျိုအောင် နေထိုင်တဲ့နည်းလမ်းကို ပြောပြခဲ့ပါတယ် ။

ထို့အပြင် သူမတို့ သားအမိနှစ်ယောက်လုံးက အမြဲအတူတူသွားလာလေ့ရှိပြီး shopping တွေတောင်အတူတူထွက်လေ့ရှိပါတယ် ။ ထို့အပြင် Joleen က သူမအသက်ငယ်သေးတဲ့အချိန်မှာ သမီးကိုရခဲ့တာဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ညီအစ်မလို့ထင်ခံရတာက သိပ်ပြီးမဆန်းကြယ်ကြောင်း ပြောခဲ့ပါသေးတယ် ။

သူမဟာ အတိတ်အကြောင်းလည်းတွေးပြီး စိတ်ညစ်နေတာမျိုးမရှိသလို ၊ အနာဂတ်အတွက် တအားမျှော်လင့်ပြီး စိတ်ပင်ပန်းတာမျိုးမပြုလုပ်ခဲ့ကြောင်းနှင့် အဓိကကတော့ skincare ကိုအသက်ငယ်ရွယ်တဲ့အချိန်ကတည်းက ယခုထိ ဂရုတစိုက်သေချာစွာ ပြုလုပ်ခဲ့လိုဖြစ်ပါတယ် ။

သူမဟာ သမီးလေးရဲ့ဖခင်နဲ့ လွန်ခဲ့တဲ့ 13 နှစ်ကတည်းက လမ်းခွဲခဲ့ကြတယ်ဆိုပေမဲ့လည်း ယခုအချိန်ထိအဆက်အသွယ်ရှိနေကာ တစ်ခါတစ်လေ မိသားစုလိုက်ခရီးအတူထွက်လေ့ရှိကြောင်းလည်း သိရှိရပါတယ် ။ လူအတော်များများကတော့ သူမကို ကလေးအမေလို့ မယုံနိုင်ကြတဲ့အပြင် ၊ သူမလို အလန်းစားမိခင်မျိုးပိုင်ဆိုင်ထားတဲ့ သမီးဖြစ်သူကိုလည်း အတော်လေးအားကျမိကြောင်း မျိုးစုံး comment ရေးသားခဲ့ကြပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*